News

POST TYPE

CRIME & ACCIDENT

ချင်း (ဂျင်း) အိတ်များအတွင်းမှ စိတ်ကြွဆေးအများအပြားဖမ်းမိ
စစ်တွေ၊ သြဂုတ် ၁၈

ချင်း (ဂျင်း) များဖြင့် ရောထည့်ထားသော ကျပ်သိန်းပေါင်းရှစ်သောင်းကျော်တန်ဖိုးရှိ WY စိတ်ကြွဆေးပြားအများအပြားကို မောင်တောမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ရုံး မှုခင်းဌာနထံမှ သိရှိရသည်။

စိတ်ကြွဆေးပြားများကို မောင်တောမြို့နယ် ရွှေစားရွာတံတားအနီးရပ်ထားသောကားပေါ်မှ ချင်း (ဂျင်း) အိတ် ၅၅ ထဲတွင် ရောထည့်ထားခြင်းဖြစ်ပြီး သြဂုတ် ၁၇ ရက် ည ၉ နာရီခန့်တွင် ဖမ်းမိခြင်းဖြစ်ကြောင်း မှုခင်းဌာန ရဲအရာရှိက ရှင်းပြသည်။

လက်ရှိအချိန်တွင် အဆိုပါယာဉ်မောင်းဖြစ်သူ အဘူကော်နှင့် ယာဉ်နောက်လိုက် အာဇီတို့နှစ်ဦးကို ဖမ်းဆီနိုင်ရန် လိုက်လံစုံစမ်းရှာဖွေနေကြောင်း အဆိုပါရဲရာရှိက ဆက်လက်ပြောကြားသည်။

မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်း၌ ယခုနှစ်စမှ သြဂုတ် ၁၄ ရက်အထိ စိတ်ကြွဆေးပြား သိန်း ၁၀၀ ကျော်အပါအဝင် အခြားမူးယစ်ဆေးများလည်း ဖမ်းမိပြီး အမှုပေါင်း ၈၄ မှု၊ တရားခံ ၁၂၈ ဦး ဖမ်းဆီးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။

R-22