News

POST TYPE

CRIME & ACCIDENT

မန္တလေးတွင် ရဲတပ်ဖွဲ့ဝင်အချင်းချင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦးဒဏ်ရာရ
17-Aug-2018
မန္တလေး၊ သြဂုတ် ၁၆

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် သြဂုတ်လ ၁၆ ရက်နေ့ည ၉ နာရီကျော်ခန့်အချိန်က လုံခြုံရေးကင်းလှည့်မည့် ရဲတပ်သားချင်း စကားများကြရာမှ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မဟာအောင်မြေမြို့ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

သံလျှက်မှော်အရှေ့ရပ်ကွက်လှုပ်ရှားရဲကင်းတွင် လှည့်ကင်းထွက်ရန်အတွက် ပြင်ဆင်နေကြစဉ် ရဲတပ်သားအချင်းအချင်း စကားများရန်ဖြစ်ကြခြင်းဖြစ်ကြောင်း ရဲတပ်သားရဲရင့်အောင်မှ 12 V ပြောင်းချော သေနတ်ဖြင့် ဒုတပ်ကြပ်စိုးလင်းအား ၂ ချက် အနီးကပ်ပစ်ခဲ့ရာ ဒုတပ်ကြပ်စိုးလင်းမှာ ညာပေါင်ရင်း၊ ဘယ်ဘက်နားနောက် ပေါက်ပြဲဒဏ်ရာ၊ နဖူးပေါက်ပြဲဒဏ်ရာများရရှိခဲ့ကြောင်း ၎င်းထံမှသိရသည်။

ဒဏ်ရာရရှိခဲ့သည့် တပ်ဖွဲ့ဝင်ကို ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသထားပြီး ရဲတပ်သားရဲရင့်အောင်ကို အမှတ် ၇ နယ်မြေရဲစခန်းတွင် ချုပ်နှောင်ထားရှိပြီး ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူသွားရန် စစ်ဆေးပြင်ဆင်နေကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

M-04


  • VIA