News

POST TYPE

CRIME & ACCIDENT

ဒါရိုက်တာ မိုက်တီးထံမှ WY ဆေးပြား ၂၆ ပြား ဖမ်းမိ
17-Aug-2018 tagged as



ပုံစာ / 2016 ခုနစ် နိုဝင်ဘာ ၂၆ ရက် နေ့က Eleven မီဒီယာ ရုံးခန်းရှေ့သို့ ရောက်ရှိလာသော ဒါရိုက်တာ မီိုက်တီး


ရန်ကုန်၊သြဂုတ် ၁၆

တာမွေမြို့နယ်၊ အရှေု့မြင်းပြိုင်ကွင်းလမ်းရှိ အထက (၃)ကျောင်းရှေ့တွင် သြဂုတ်လ ၁၆ ရက် ည ၁၁ နာရီက ဒါရိုက်တာ မိုက်တီး ထံမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ ပြားကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရန်ကင်းမြို့နယ်တွင် နေထိုင်သူ အသက် ၅၃ နှစ် ဒါရိုက်တာ မိုက်တီး (ခ)သန်းထွန်းဇော် မောင်းလာသည့် MAZDA DEMIO အမျိုးအစား မော်တော်ယာဉ်ကို တားဆီးစစ်ဆေးရာမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၆ ပြားနှင့် မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသည့် ငွေမှင်ရောင် ခဲပြားစ၊ ဂက်စ်မီးခြစ်တို့ကို ၎င်း၏ ယာဉ်ပေါ်မှ ရှာဖွေသိမ်းဆည်းရမိခဲ့သည်။

WY ဆေးပြားများနှင့်အတူ ဖမ်းမိခဲ့သည့် ဒါရိုက်တာ မိုက်တီးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆ (ဂ) ဖြင့် အရေးယူပေးပါရန် မူးယစ်တပ်ဖွဲ့စု (၄၁) မှ ရဲအုပ် ညွန့်ဝင်းက တရားလိုပြု၍ တာမွေမြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားပြီး ယနေ့ တာမွေမြို့နယ်တရားရုံးတွင် ဖမ်းဆီးအရေးယူထားသော ဒါရိုက်တာ မိုက်တီးကို ရုံးထုတ်ချုပ်ရမန် ယူမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03

  • TAGS