News

POST TYPE

CRIME & ACCIDENT

၈၈ မျိုးဆက်မှ မမီးမီး ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်
13-Aug-2018


ပုသိမ်၊ သြဂုတ် ၁၃

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ခေါင်းဆောင်တစ်ဦးဖြစ်သူ မမီးမီးသည် ယာဉ်မတော်တဆ ဖြစ်ပွားမှုကြောင့် ကျောင်းကုန်းဆေးရုံတွင်ယနေ့ (သြဂုတ် ၁၃ ရက်) ညနေ ၅ နာရီ မိနစ် ၂၀ ခန့်က ကွယ်လွန်ခဲ့ကြောင်း ပုသိမ်ယင်းအဖွဲ့အစည်းဝင်များက ပြောကြားသည်။

ပုသိမ်မြိုခံ ငြိမ်းချမ်းရေး ကဗျာဆရာ ဦးအောင်ပွင့်၏ဇနီးဖြစ်သူ၏ နာရေးသို့ လာရောက်ပို့ဆောင်ပြီးနောက် ရန်ကုန်သို့အပြန် ကျောင်းကုန်းမြို့မှအထွက် TSS ဆီဆိုင်အနီးတွင် ညနေ ၄ နာရီ ကျော်က ယာဉ်မတော်တစ်ဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မှန်ကွဲသွားပေမဲ့ ရှေ့ခန်းက နှစ်ယောက်က ခါးပတ် ပတ်ထားတယ်။ နောက်ခန်းမှာထိုင်တဲ့ မမီးမီးက အပြင်ကိုလွင့်ကျတာ၊ သူကျတဲ့ဘက်ကို ကားက ပိတာလို့ သိရတယ်”ဟု ပုသိမ်မြို့ခံ သတင်းထောက်က ပြောကြားသည်။

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အမျိုးသမီးဌာန ဒုတာဝန်ခံ မမီးမီး၏ ရုပ်အလောင်းကို ရန်ကုန်မြို့သို့ ပြန်လည်သယ်ယူရန်စီစဉ်နေကြောင်း ပုသိမ်မြို့ခံ ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ဝင်များက ပြောကြားသည်။

R-11