News

POST TYPE

CRIME & ACCIDENT

မရမ်းကုန်း မုဒိတာအိမ်ရာတွင် မူးယစ်ဆေးဝါးများ ဖမ်းမိ
ရန်ကုန်၊ ဩဂုတ် ၈

မရမ်းကုန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အထက်ဗဟိုလမ်း မုဒိတာအိမ်ရာ (၁) ရှိ တိုက်ခန်းတစ်ခန်းတွင် ဩဂုတ်လ ၇ ရက် ညနေပိုင်းက မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

သမိုင်းဘူတာရုံလမ်းတွင် ဩဂုတ်လ ၇ ရက် မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေကြောင်း သတင်းရရှိထားသည့် အသက် ၄၀ နှစ် ဒေါ်မြသန္တာကျော် (ခ) မမြသန္တာကို တွေ့ရှိခဲ့ပြီးနောက် သက်သေများရှေ့တွင် ရှာဖွေစစ်ဆေးခဲ့ရာ ယင်းအမျိုးသမီး၏ လက်ဆွဲအိတ်ထဲမှ စိတ်ကြွဆေးပြား ၁၀၀ ပြားကို သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းဆီးခံရသူ ဒေါ်မြသန္တာကျော် (ခ) မြသန္တာနေထိုင်သည့် အထက်ဗဟိုလမ်းရှိ မုဒိတာအိမ်ရာ (၁)၊ တိုက်ခန်းကို သွားရောက်စစ်ဆေးခဲ့ရာ အိပ်ခန်းအတွင်းမှ စိတ်ကြွဆေးပြား ၂၉,၈၀၀ ပြား၊ အိုက်စ် တစ်ကီလို၊ ဘိန်းဖြူ ၁၁ ဂရမ်၊ ဘိန်းစိမ်း ၅ ဂရမ်နှင့် ဆေးခြောက်များကို ထပ်မံသိမ်းဆည်းရမိသဖြင့် မရမ်းကုန်းမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မဖြင့် အရေးယူ၍ အမှုကွင်းဆက်တရားခံများကို ထပ်မံဖော်ထုတ် အရေးယူနိုင်ရန် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03