News

POST TYPE

CRIME & ACCIDENT

သင်္ဃန်းကျွန်း တရားရုံးအချုပ်မှ လွတ်မြောက်သွားသည့် အချုပ်သားကို ပြန်ဖမ်းမိ
ရန်ကုန်၊ သြဂုတ် ၇

သင်္ဃန်းကျွန်းမြို့နယ်တရားရုံးရှိ အချုပ်ခန်း သန့်စင်ခန်းတွင် တပ်ဆင်ထားသော တရုတ်ကပ် မှန်ပေါင်ကိုဖြုတ်၍ ထွက်ပြေးလွတ်မြောက်သွားသည့် မူးယစ်အမှုမှ အချုပ်သားတစ်ဦးကို သြဂုတ်လ ၇ ရက်နေ့က နာရီပိုင်းအတွင်း ပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် နေထိုင်သော အသက် ၂၂ နှစ် အောင်အောင် (ခ) ဆိုင်းအောင်ကို သြဂုတ်လ ၆ ရက်နေ့က သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ပုဒ်မ ၁၆ (ဂ) ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူပြီးနောက် သြဂုတ်လ ၂၀ ရက်နေ့အထိ ချုပ်ရီမန်ယူကာ သင်္ဃန်းကျွန်းမြို့မရဲစခန်းရှိ အချုပ်ခန်းတွင် ထိန်းသိမ်းထားခဲ့သည်။

အဆိုပါ အချုပ်သားကို အင်းစိန်အကျဉ်းထောင်သို့ လွှဲပြောင်းနိုင်ရန် သြဂုတ်လ ၇ ရက် နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်တရားရုံးသို့ ခေါ်ဆောင်လာချိန် အချုပ်ခန်းသန့်စင်ခန်းရှိ တရုတ်ကပ်မှန်များကို ဖြုတ်ပြီး ယင်းအချုပ်သားဖြစ်သူမှ လွတ်မြောက်ခဲ့သောကြောင့် ၎င်းကို ပိတ်ဆို့ရှာဖွေရာ ယင်းနေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်၌ သင်္ဃန်းကျွန်းမြို့နယ် ဆ/က ရပ်ကွက်၊ ရတနာသိင်္ဂီလမ်းရှိ နေအိမ်တစ်အိမ်တွင် ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03