POST TYPE

CRIME & ACCIDENT

မော်လိုက်တွင် ၁၃ နှစ်အရွယ် မိန်းကလေး အဓမ္မပြုကျင့်ခံရ၍ အမှုဖွင့်
ကလေး၊ ဩဂုတ် ၆ 

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့တွင် ၁၃ နှစ်အရွယ် မိန်းကလေးကို ခြိမ်းခြောက်ကာ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်မှုဖြစ်ပွားခဲ့၍ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မော်လိုက် မြို့မရဲစခန်းထံမှ သိရသည်။

မော်လိုက်မြို့တွင် နေထိုင်သည့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ကုန်စုံဆိုင်တစ်ခုတွင် ညအိပ် ညနေ အလုပ်သမားအဖြစ် အလုပ်ဝင်လုပ်ခဲ့ရာ ဆိုင်ရှင်ဖြစ်သူ အမျိုးသားက သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့မှုနှင့်ပတ်သက်၍ ဩဂုတ်လ ၃ ရက်နေ့က မော်လိုက်မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အောင်နေလင်း (ခ) လင်းမော်ကို မော်လိုက် မြို့မရဲစခန်း က (ပ)၁၁၅/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် ဖမ်းဆီးကာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်း အဆိုပါစခန်းထံမှ သိရသည်။

R-20