News

POST TYPE

CRIME & ACCIDENT

YUPT ကုမ္ပဏီ ခရီးသည်တင်ယာဉ် စီးရေ ၅၀ ထပ်မံဝယ်ရန်စီစဉ်
03-Aug-2018
ရန်ကုန်၊ ဩဂုတ် ၂

ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ (YUPT) အနေနှင့် ယာဉ်လိုင်းပေါင်း ၂၀ တွင် ယာဉ်ကြံ့ခိုင်မှု အားနည်းသည့်ယာဉ်နှင့် ဥပဓိရုပ်မကောင်းသော ယာဉ်များနေရာတွင် အစားထိုးလဲလှယ်နိုင်ရန် ငွေကျပ် လေးဘီလီယံသုံး၍ ယာဉ်စီးရေ ၅၀ ထပ်မံဝယ်ယူမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးမောင်မောင်လွင်က ပြောကြားသည်။

“အခု အစုရှယ်ယာရှင်တွေနဲ့ ယာဉ်အသစ် ၅၀ ထပ်ဝယ်ဖို့ကိစ္စ ညှိနှိုင်းနေတယ်။ ဘယ်လမှာ စဝယ်မယ်ဆိုတာကို မကြာခင်ရက်ပိုင်းအတွင်း သိရမှာပါ။ ဝယ်ယူမယ့်ယာဉ်ကို ယာဉ်လိုင်းအသစ်တိုးချဲ့တဲ့ နေရာမှာလည်း အသုံးပြုသွားမှာပါ”ဟု ၎င်းက ဆိုသည်။

YUPT ကုမ္ပဏီသည် အစုရှယ်ယာရှင် ၂၉၀ ရှိသော အများပိုင်ကုမ္ပဏီတစ်ခုဖြစ်ပြီး အဆိုပါကုမ္ပဏီအုပ်ချုပ်မှုအောက်၌ ယာဉ်လိုင်းပေါင်း ၂၀ တွင် ယာဉ်စီးရေ ၁၂၇၀ စီးဖြင့် ခရီးသည်သယ်ယူပို့ဆောင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ အများစုမှာ တရုတ်နိုင်ငံထုတ်ယာဉ်များဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှသိရသည်။

J-06


  • VIA