News

POST TYPE

CRIME & ACCIDENT

၁၀ ရက်အတွင်း အထောက်အထားမဲ့ မြန်မာအလုပ်သမား လေးထောင်ခန့် ဖမ်းဆီးမိ
10-Jul-2018

ရန်ကုန်၊ ဇူလိုင် ၁၀

ထိုင်းနိုင်ငံရောက် အထောက်အထား မဲ့ မြန်မာအလုပ်သမားများအနက် ၁၀ ရက်အတွင်း လူဦးရေ လေးထောင်ခန့် ဖမ်းဆီးရမိကြောင်း မြဝတီမြို့နယ် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးတင်နိုင်က ပြောကြားသည်။

“ထိုင်းနိုင်ငံ လဝကနဲ့ ရဲဘက်က ဖမ်းမိတာ လေးထောင်နီးပါး ကြိုဆိုရေး စခန်းလာအပ်တယ်။ ဌာနပေါင်းစုံက ဖမ်းမိတာပေါ့။ ထွေအုပ်နဲ့ ညှိနှိုင်းပြီးဆောင်ရွက်နေတယ်။ လွှဲတာက ဂိတ်ပေါင်းစုံကပေါ့”ဟု ၎င်းက ဆိုသည်။

သို့သော် ဖမ်းဆီးရမိသည့် အလုပ်သမားများကို နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူထားခြင်း မရှိဘဲ G to G အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ထို့အပြင် ဖမ်းဆီးရမိသည့် အလုပ်သမားများထဲမှ အလုပ်သမား သုံးဦးသည် မြန်မာပြည်တွင် မိဘ၊ ဆွေမျိုး နေရပ်အိမ် မရှိသောကြောင့် အလုပ်သမားဦးစီးကော်မတီနှင့်ညှိနှိုင်း၍ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဇူလိုင်လ ၁ ရက်မှ ၉ ရက်အထိ ဖမ်းဆီးရမိသည့် အလုပ်သမား ၃၉၉၁ ဦးတွင် ကျား ၂၄၈၀ ဦး၊ မ ၁၅၁၁ ဦး ပါဝင်သည်။ 

J-18