News

POST TYPE

CRIME & ACCIDENT

ဝမ်းတွင်း၌ ဆီဘောက်ဆာယာဉ်မီးလောင်
22-Jun-2018


မိတ္ထီလာ၊ ဇွန် ၂၁

ဝမ်းတွင်းမြို့နယ်ကို ဖြတ်သန်းသွားသည့် ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၃၆၈/ဝ နှင့် ၃၆၈/၁ ကြား ဘုရားဖြူကျေးရွာအုပ်စု ရွာရှည်ကျေးရွာအနီးတွင် ဇွန် ၂၀ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က ဂါလန် ၁၈၀၀ ဆံ့ ဆီဘောက်ဆာယာဉ်တစ်စီး မီးလောင်ခဲ့ကြောင်း မိတ္ထီလာခရိုင်မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများထံမှသိရသည်။ 

“ရှေ့ဘီးပေါက်တာကနေ ဆီတိုင်ကီကိုထိပြီး ပေါက်ကွဲသွားတာလို့သိရတယ်”ဟု အဆိုပါနေရာသို့ သွားရောက်ငြှိမ်းသတ်ခဲ့သော မိတ္ထီလာခရိုင် မီးသတ်တပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။ 

မီးလောင်ပေါက်ကွဲသွားသော ဆီဘောက်ဆာယာဉ်ကို မိတ္ထီလာ၊ ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်နှင့် ကူမဲမြို့တို့မှ မီးသတ်ယာဉ် ၁၈ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၁၀၅ ဦး၊ အမြှုပ်ထွက်မီးသတ်ဆေးဘူး အလုံး ၇၀ တို့ဖြင့် နာရီဝက်ခန့် ငြှိမ်းသတ်ခဲ့ရကြောင်း၊ မီးလောင်မှုကြောင့် လူထိခိုက်မှုနှင့် ပတ်ဝန်းကျင်သို့ကူးစက်မှု မရှိသော်လည်း ကျပ် ၁၅၂ သိန်းဖိုးခန့် ဆုံးရှုံးခဲ့ရကြောင်း မိတ္ထီလာခရိုင်မီးသတ်တပ်ဖွဲ့ မှတ်တမ်းအရသိရသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်နေသော ဆီဘောက်ဆာယာဉ်မောင်း (အမည်စုံစမ်းဆဲ) ကို ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရန် စုံစမ်းလျက်ရှိပြီး ရွှေတောင်နယ်မြေ ရဲစခန်းက (ပ) ၄၅/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ စုံစမ်းသိရှိရသည်။  

R-01


  • VIA