News

POST TYPE

CRIME & ACCIDENT

YBS (၉) တစ်စီး အရှိန်လွန်တိမ်းမှောက်၊ တစ်ဦးသေ၊ ၁၁ ဦး ဒဏ်ရာရ
10-Jun-2018

ရန်ကုန်၊ ဇွန် ၉ 

သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းနှင့် နဝရတ်လမ်းဆုံတွင် ဇွန်လ ၈ ရက် နံနက် ၈ နာရီခွဲက YBS (၉) ခရီးသည် တင်ယာဉ်တစ်စီးမှ အရှိန်မထိန်းနိုင်ဖြစ်ပြီး မော်တော်ယာဉ်၊ ဆိုင်ကယ်၊ ဆိုက်ကားနှင့် လက်ဖက်ရည်ဆိုင်တို့ကို ဝင်တိုက်ကာ ယာဉ်တိမ်းမှောက်ခဲ့သောကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ၁၁ ဦးမှာ ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“ယာဉ်တိမ်းမှောက်ခဲ့သည့် YBS (၉) ယာဉ်မှာ ဧရာဝဏ်လမ်းအတိုင်း အရှိန်ဖြင့် မောင်းနှင်လာစဉ် ဧရာဝဏ်လမ်းနှင့် နဝရတ်လမ်းဆုံအရောက် လမ်းဘေးတွင် ရပ်ထားသော လိုက်ထရပ်နှင့် ပရိုဘောက်ယာဉ်နှင့် ဆိုက်ကားတို့ကို ဝင်တိုက်ရာမှ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို ထပ်မံဝင်တိုက်မိပြီးနောက် လမ်းဘေးရှိ ဆိုင်ကယ်များပေါ် ယာဉ်တိမ်းမှောက်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။ 

“YBS ကားက အရှိန်အတော်ပါတယ်။ လူတွေရော ကားတွေရော ဆိုင်တွေပါ အကုန်ဝင်တိုက်မိတာ။ အမျိုးသားတစ်ယောက်ဆို မှောက်သွားတဲ့ ကားအောက်ထဲရောက်ပြီး ပွဲချင်းပြီး ဆုံးသွားရှာတယ်။ ကားပေါ်ပါလာတဲ့ ခရီးသည်တွေကို ကားပြတင်းပေါက်တွေထဲက ဆွဲထုတ်ကယ်ဆယ်ခဲ့ရပြီး ယာဉ်မောင်းကတော့ ထွက်ပြေးတိမ်းရှောင်သွားပါတယ်”ဟု ယာဉ်ထိန်းရဲအရာရှိက ရှင်းပြသည်။ 

ဟွန်ဒိုင်းမီနီဘတ်စ် အမျိုးအစား YBS (၉) ခရီးသည်တင် ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ အမျိုးသားခုနစ်ဦးနှင့် အမျိုးသမီးလေးဦး ထိခိုက်ဒဏ်ရာများရခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့သော ခရီးသည်တင်ယာဉ်မောင်းကို ဖမ်းဆီးအရေးယူနိုင်ရန် သာကေတမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၄ က/ ၃၃၈/၃၃၇/၂၇၉/၂၀၂ ဖြင့် အမှုဖွင့်အရေးယူ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

S-03


  • VIA