News

POST TYPE

CRIME & ACCIDENT

ဆပ်ကပ်ဆင်က အစွယ်ဖြင့်ထိုး၍ ဗေဒင်ဆရာ သေဆုံး
11-Mar-2018

ပုသိမ်၊ မတ် ၁၀ 

ဧရာဝတီတိုင်း မြောင်းမြမြို့နယ် ကံကြီးကျေးရွာတွင် မတ်လ ၈ ရက် မွန်းလွဲပိုင်းက ဆပ်ကပ်မှ ဆင်တစ်ကောင်က အစွယ်ဖြင့်ထိုးသဖြင့် ဗေဒင်ဆရာသေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း မြောင်းမြမြို့မရဲစခန်းထံမှ သိရသည်။

ကံကြီးကျေးရွာရှိ ဘောလုံးကွင်းတွင် အောင်ပင်လယ်ဆပ်ကပ်မှ အသက် ၉ နှစ်ရှိပြီး ရှစ်ပေခန့်မြင့်သော ဂိုးပလိပ်မောင်အမည်ရှိ ဆင်ကို လွှတ်ကျောင်းထားကြောင်း၊ ယင်းအနီးတွင် ဖြတ်သွားသော အသက် ၆၅ နှစ်အရွယ်ရှိ ဗေဒင်ဆရာ ဦးစိန်အောင်မင်းကို ယင်းဆင်က နှာမောင်းဖြင့် ရစ်ပတ်ယူကာ ညှစ်လိုက်ပြီး အစွယ်ဖြင့်ထိုးခဲ့ရာ ယင်းအမျိုးသား၏ ဘယ်ဘက်ချိုင်းအောက် ထိုးသွင်းဒဏ်ရာ၊ ယာပေါင်ရင်း ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။ 

အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ ဆင်ဦးစီးဖြစ်သော ဦးလှဌေး (၃၁ နှစ်) ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၄ ဖြင့် အမှုဖွင့်ထားကြောင်း မြောင်းမြမြို့မရဲစခန်းထံမှ သိရသည်။ 

R-12


  • VIA