News

POST TYPE

CRIME & ACCIDENT

မူးယစ်တပ်ဖွဲ့စုမှ ရဲတပ်ကြပ်ကြီးတစ်ဦး မောင်းသည့်ယာဉ် လမ်းဖြတ်ကူးသူကို ဝင်တိုက်
13-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ရန်ကင်းမြို့နယ်၊ ကံဘဲ့လမ်းပေါ်တွင် ဖေဖော်ဝါရီ ၁၁ ရက် ည ၁၀ နာရီခန့်က မူးယစ်တပ်ဖွဲ့စုမှ ရဲတပ်ကြပ်ကြီးတစ်ဦး မောင်းလာသည့်ယာဉ်က လမ်းဖြတ်ကူးနေသည့် အမျိုးသားတစ်ဦးကို ဝင်တိုက်မိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

လူဝင်တိုက်မိသည့် ယာဉ်မောင်း ရဲတပ်ကြပ်ကြီး မိုးညွန့်အောင်မှာ အရှေ့ပိုင်းခရိုင် မူးယစ်တပ်ဖွဲ့စု (၄၁) တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး အခင်းဖြစ်ညက နစ်ဆန်းအေဒီဗင် အမျိုးအစား ကိုယ်ပိုင်ယာဉ်တစ်စီးကို မောင်းလာစဉ် ကံဘဲ့လမ်းရှိ ဧရာဝတီဘဏ်အနီးအရောက် လမ်းဖြတ်ကူးနေသူ အသက် ၂၀ နှစ် ကိုဆန်းသစ်ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်ခံရသူ ကိုဆန်းသစ်မှာ နဖူး၊ နောက်စေ့၊ နားထင်၊ နှာတံနှင့် ဒူးတို့တွင် ပွန်းပဲ့စုတ်ပြဲ ဖူးရောင်ဒဏ်ရာများရခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တင်ပို့ထားစဉ် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လူသေဆုံးမှုကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ရဲတပ်ကြပ်ကြီး မိုးညွန့်အောင်ကို ရန်ကင်းမြို့မရဲစခန်းက ယခင်အမှုဖွင့်ထားသည့် ရာဇသတ်ကြီး ပုဒ်မ ၃၃၈/၂၇၉ အစား ပုဒ်မ ၃၀၄-က/ ၂၇၉ ဖြင့် အမှုပြောင်းဖွင့် အရေးယူထားသည်။

S-03

  • VIA