News

POST TYPE

CRIME & ACCIDENT

ညှော်နံ့ကြောင့် အမှိုက်ပုံမီး ငြှိမ်းပေးရန်ပြောသည့် အမျိုးသား တူဖြင့် ထုခံရ
12-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ 

ရွှေပြည်သာမြို့နယ်၊ အမှတ်(၇) ရပ်ကွက်၊ အနော်ရထာလမ်းထိပ်တွင် ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၇ နာရီက အမှိုက်ပုံမီး ညှော်နံ့ကြောင့် မီးငြှိမ်းပေးရန် သွားပြောသည့် အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ဦးခေါင်းကို တူဖြင့်ထုခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

တူဖြင့်ထုခံရသူ ကိုအောင်သူစိုးမှာ ယင်းနေ့ နံနက်က အနော်ရထာလမ်းထိပ်ရှိ အဒေါ်ဖြစ်သူ၏ ကွမ်းယာဆိုင်သို့လာစဉ် ၎င်း၏အဒေါ်က လမ်းတစ်ဖက်ခြမ်းရှိ အမှိုက်ပုံမီးမှ ညှော်နံ့ကို မခံနိုင်သောကြောင့် မီးငြှိမ်းပေးရန် သွားပြောခိုင်းသဖြင့် အမှိုက်မီးရှို့နေသူထံ ၎င်းက အမှိုက်ပုံမီးရှို့နေသူ အသက် ၃၉ နှစ် ကိုဇော်မျိုးအောင်ကိုပြောစဉ် ထိုသူက ၎င်း၏ခါးကြားတွင် ထိုးထားသော ဆိတ်ချိုတူဖြင့် ကိုအောင်သူစိုး၏ ဦးခေါင်းနောက်စေ့ကို ထုခဲ့သောကြောင့် သွေးထွက်ပေါက်ပြဲ ဒဏ်ရာရခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ် ဆေးရုံသို့ အတွင်းလူနာ(အဖြစ်) တင်ပို့ခဲ့ရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ဦးခေါင်းကို တူဖြင့်ထုသည်ဆိုသည့် ကိုဇော်မျိုးအောင်ကိုဖမ်းဆီးပြီး ရွှေပြည်သာမြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။ 
 
S-03