News

POST TYPE

CRIME & ACCIDENT

အမြန်လမ်းတွင် ၁၁ လအတွင်း ယာဉ်မတော်တဆမှု ၅၀ဝ ကျော်ဖြစ်၊ ၁၀၉ ဦး သေဆုံး
02-Dec-2017 tagged as အမြန်လမ်း

တောင်ငူ၊ ဒီဇင်ဘာ၂

ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ ၁၁ လအထိ ယာဉ်မတော်တဆမှု ၅၀ဝ ခန့်ဖြစ်ပွားခဲ့ပြီး  ၁၀၉ဦး သေဆုံးကာ လူ ၈၀ဝ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး နေပြည်တော်၏ ထုတ်ပြန်ချက်အရ သိရသည်။ 

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုတွင် အမျိုးသား ၈၁ ဦး၊ အမျိုးသမီး၂၈ ဦး သေဆုံးကြောင်း၊ လူသေဆုံးမှု အများဆုံးမှာ ယခုနှစ်အစပိုင်းက မိုင်တိုင် ၁၁ အနီးဖြစ်ပွားခဲ့သည့် အံစာတုံး အမျိုးအစား လိုက်အေ့စ်ယာဉ် တိမ်းမှောက် မီးလောင်မှုဖြစ်ပြီး လူရှစ်ဦး သေဆုံးခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်) ထံမှ သိရသည်။

“သတ်မှတ်ကီလိုအတိုင်း မောင်းရတာ ခရီးသည်တင်ယာဉ်တွေအတွက် သိပ်အဆင်မပြေပေမယ့် အိမ်စီးယာဉ်တွေအတွက်တော့ ယာဉ်မတော်တဆမှုတွေ လျော့ကျသွားတာကို တွေ့ရတယ်။ အမြန်လမ်းဆိုတာ တစ်အားနှေးမောင်းရင်လည်း အန္တရာယ်ရှိတော့ ဖိနပ်မတော်လို့ ဖနောင့်လှီးရတာမျိုး မဖြစ်စေချင်ဘူး”ဟု တောင်ငူမြို့ခံ အငှားယာဉ်မောင်း တစ်ဦးက သုံးသပ်သည်။

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှ မန္တလေးတိုင်းအထိ ၃၆၆ မိုင်ခန့် ရှည်လျားသော အမြန်လမ်းမကြီးကို ကွန်ကရစ်လမ်းမကြီးအဖြစ်  တပ်မတော် အစိုးရလက်ထက်က ဖွင့်လှစ်ခဲ့ကြောင်း မောင်းနှင်ခွင့်ပြုချိန်မှ ယနေ့အထိ နေ့စဉ်နီးပါး ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်လျက်ရှိသည်။

R-15