News

POST TYPE

CRIME & ACCIDENT

လုယူခဲ့သော လက်ဝတ် ရတနာများ ရောင်းနေသူကို နေ့ချင်းဖမ်းမိ
30-Nov-2017 tagged as

မန္တလေး၊ နိုဝင်ဘာ ၂၉

ချမ်းမြသာစည်မြို့နယ် အတွင်းမှ လုယူခဲ့သည့် ပိုက်ဆံအိတ်အတွင်း ပါဝင်သော လက်ဝတ်ရတနာများ ရောင်းချနေသူများကို ကျူးလွန်သည့်နေ့တွင်ပင် ဖမ်းဆီးနိုင်ခဲ့ကြောင်း အမှတ် (၁၁) နယ်မြေရဲစခန်းထံမှ သိရသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန်က ချမ်းမြသာစည်မြို့နယ် ဦးပွားခုံးကျော်တံတားအနီးတွင် အမျိုးသမီးနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ် အံခွက်အတွင်းမှ ပိုက်ဆံအိတ်ကို အခြားဆိုင်ကယ်တစ်စီးမှ အမျိုးသားနှစ်ဦးက လုယူထွက်ပြေးသွားခဲ့ရာမှ ယင်းပိုက်ဆံအိတ်အတွင်း ဘောက်ချာ အပါအဝင် ပလက်တီနမ် ဆွဲကြိုးတစ်ကုံး ပါဝင်ခဲ့ကြောင်း ယင်းရဲစခန်းမှအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းသို့ လုယူခဲ့ပြီးနောက် ဘောက်ချာတွင် ဖော်ပြထားသည့်ဆိုင်တွင် ပြန်လည် ရောင်းခဲ့ရာ ဆိုင်ရှင်က ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့သည့်အတွက် လုယူသွားသူများကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ 

ဖမ်းမိသူများဖြစ်သည့် စစ်ကိုင်းမြို့ ကျောက်ဆည်ကျေးရွာမှ အသက် ၁၈ နှစ်အရွယ် နန္ဒတင်စိုးနှင့် အသက် ၁၉ နှစ်အရွယ် ထူးဝေယံ (ခ) ထူးကြီးတို့ကို အမှတ် (၁၁) နယ်မြေ ရဲစခန်းက (ပ) ၅၆၃/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၄၁၄/၁၁၄ တို့ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

M-05

  • TAGS