News

POST TYPE

CRIME & ACCIDENT

ရေစီးနောက် မျောပါခဲ့သည့် မူလတန်းပြ ဆရာမအလောင်း ရှာဖွေတွေ့ရှိ
28-Aug-2016
တောင်တွင်းကြီး၊ သြဂုတ်၂၈

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်၌ သြဂုတ်၂၇ ရက် နံနက် ၉ ခွဲခန့်က ချောင်းဖြတ်ကူးစဉ် ရေစီးနောက် မျောပါသွားသော မူလတန်းပြ ဆရာမ ဒေါ်လင်းစန္ဒာ၏ ရုပ်အလောင်းကို ရှာဖွေ တွေ့ရှိပြီဖြစ်ကြောင်း တောင်တွင်းကြီးမြို့ရှိ လူမှုကူညီရေး အသင်းအဖွဲ့များထံမှ သိရသည်။

အောင်းစုကျေးရွာမှ မူလတန်း ကျောင်းဆရာမ ဒေါ်လင်းစန္ဒာ (အသက် ၂၅ နှစ်) ၏ ရုပ်အလောင်းကို ယနေ့ (သြဂုတ် ၂၈ ရက်) နံနက် ၈ နာရီက ၎င်းဖြတ်ကူးခဲ့သည့် နေရာမှ နှစ်မိုင်ခန့် အကွာရှိ ချောင်းစပ်သဲခုံပေါ်တွင် မှောက်လျက် အနေအထားဖြင့် ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ရုပ်အလောင်းကို တောင်တွင်းကြီးမြို့ စိတ္တသုခ လူမူကူညီရေး အသင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက် ကူညီ သယ်ယူခဲ့ကြပြီး ယနေ့ ညနေပိုင်းတွင် ယင်းဆရာမ၏ နေရပ်၌ သြင်္ဂိုဟ်သွားမည်ဖြစ်ကြောင်း စိတ္တသုခ လူမှုကူညီရေး အသင်းထံမှ သိရသည်။

ဆက်စပ်သတင်းဖတ်ရန်


  • VIA