News

POST TYPE

CRIME & ACCIDENT

မင်းလွင်ကုန်း ပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် လက်နက်များ ဖမ်းမိ
27-Aug-2016

ရန်ကုန်၊ သြဂုတ် ၂၇ 

လှည်းကူးမြို့နယ်ရှိ မင်းလွင်ကုန်း ပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် သြဂုတ်လ ၂၇ ရက် နံနက် ၂ နာရီခွဲက TOYOTA HILUX SURF အမျိုးအစား ယာဉ် တစ်စီးကို တားဆီး စစ်ဆေးခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသား သုံးဦးထံမှ သံတုတ်၊ ဓားရှည်၊ လေးခွနှင့် ဂျင်ကလိများ သိမ်းဆည်း ရမိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ 

အဆိုပါ လက်နက်များ ခိုးဝှက် သယ်ဆောင်လာသူ သုံးဦးတွင် အသက် ၂၅ နှစ်အရွယ် အမျိုးသား တစ်ဦးမှာ ပဲခူးမြို့လယ်ကောင်တွင် လှည့်ကင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးကို ဓားဖြင့်ထိုးသည့် အမျိုးသား၏ အစ်ကို အရင်းဖြစ်ပြီး ကျန်နှစ်ဦးမှာ ရွှေပြည်သာမြို့နယ်တွင် နေထိုင်သော  အသက် ၂၃ နှစ်နှင့် ၂၅ နှစ်အရွယ် အမျိုးသား နှစ်ဦး ဖြစ်ကြောင်း လှည်းကူးမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

“ပဲခူးကနေ ရန်ကုန်ဘက် မောင်းလာတဲ့ ယာဉ်တစ်စီးကို စစ်ဆေးခဲ့ရာက ယာဉ်ပေါ်ပါ အမျိုးသား သုံးယောက်ထံက လက်နက်တွေ ဖမ်းမိခဲ့တာပါ၊ ဖမ်းမိသူ သုံးယောက်မှာ တစ်ယောက်က ပဲခူးမှာ ရဲကို ဓားနဲ့ထိုးတဲ့ အမျိုးသားရဲ့ အစ်ကို အရင်း ပါနေတယ်၊ ဘယ်ရည်ရွယ်ချက်နဲ့ လက်နက်တွေ ကားပေါ် ခိုးဝှက်သယ်ဆောင် လာတယ်ဆိုတာ သိရအောင် ပဲခူးမြို့နယ် ရဲတပ်ဖွဲ့ထံ ချိတ်ဆက် ဆောင်ရွက်နေတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

သံတုတ်၊ ဓားရှည်၊ လေးခွနှင့် ဂျင် ကလိများကို ယာဉ်အတွင်း ခိုးဝှက်သယ် ဆောင်လာသော အမျိုးသား သုံးဦးကို လှည်းကူးမြို့မ ရဲစခန်းက (ပ) ၈၃၂/ ၂ဝ၁၆၊ လက်နက်ပုဒ်မ ၁၉(က)/ ၁၉(င)ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရှိရသည်။

  • VIA