POST TYPE
CRIME & ACCIDENT
နေကြယ်မင်း ခရီးသည်တင်ယာဉ် လမ်းဘေးထိုးကျ
27-Aug-2016
တောင်ငူ၊ ဩဂုတ် ၂၇

“ရန်ကုန်ကနေ ရမည်းသင်းကို ထွက်ခွာလာတာလို့ သိရပြီး အရှိန်များပြီး လမ်းညာဖက်ခြမ်း တောထဲ ထိုးကျသွားတာပါ။ ဒရိုင်ဘာနဲ့ စပါယ်ယာ နှစ်ယောက်တော့ ထိခိုက်ဒဏ်ရာ ရခဲ့လို့မြို့ချောင်းဆေးရုံ ပို့ထားပါတယ်။ ခရီးသည်တွေတော့ ဘာမှမဖြစ်ပါဘူး” ဟု မြို့ချောင်းအမြန်လမ်း ရဲစခန်းမှ ရဲအုပ်ဟိန်ကိုက ပြောကြားသည်။
ခရီးသည် ၃၃ ဦး လိုက်ပါလာသော နေကြယ်မင်း ခရီးသည်တင်ယာဉ်မှာ ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းမှ ယနေ့ နံနက် ၁၀ နာရီခန့်က ထွက်ခွာလာကာ မွန်းတည့် ၁၂ နာရီခန့်တွင် ကျောက်တံခါးမြို့နယ် အမြန်လမ်း မိုင်တိုင် ၉၂ အနီးသို့ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတောအုပ်ထဲ ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကာ ယာဉ်ပေါ်လိုက်ပါလာသူများအနက် ယာဉ်မောင်းနှင့် စပါယ်ယာ နှစ်ဦး စုစုပေါင်း အမျိုးသားသား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ မြို့ချောင်းဆေးရုံကို ပို့ဆောင်ကုသနေရကြောင်း အဆိုပါ အမြန်လမ်း ရဲတပ်ဖွဲ့စခန်းမှ စုံစမ်းသိရှိရသည်။
ယာဉ်မတော်တဆမှုနှင့် ပတ်သက်ပြီး ယာဉ်မောင်း ဦးဝင်းနိုင်ဦးကို မြို့ချောင်း အမြန်လမ်း ရဲစခန်းမှ ယာဉ် (ပ) ၁၀၂/၂၀၁၆ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း စုံစမ်းသိရှိရသည်။
- VIA
- Voice Admin
- SOURCES
- The Voice
-
15-Jan-2021
-
15-Jan-2021
-
15-Jan-2021
-
15-Jan-2021
-
15-Jan-2021
-
15-Jan-2021