News

POST TYPE

CRIME & ACCIDENT

တရားမဝင် ရွှေတူးသူများကို ဖမ်းဆီး
13-Sep-2017 tagged as ရွှေ တရားမဝင်


တောင်ငူ၊ စက်တင်ဘာ ၁၃

တောင်ငူမြို့နယ် မြောက်ရေကြည်ကျေးရွာအုပ်စု ကုလားရွာအနီး တရားမဝင် ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသူများကို စက်တင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက လုပ်ငန်းသုံး စက်ယန္တယားများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ကျွန်းကုန်းနယ်မြေ ရဲစန်းထံမှ သိရသည်။

“ရွှေတူးဖော်ရေးလုပ်ငန်းသုံး ပစ္စည်းတွေနဲ့ လုပ်ငန်းပိုင်ရှင် ၁၅ ဦးကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်”ဟု ကျွန်းကုန်းနယ်မြေရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းလုပ်ငန်းရှင်များကို မြင်းကောင်ရေ ၆ ကောင်ခွဲမှ ၂၅ ကောင်အထိ ရှိသည့် ကူဘိုတာ ရေစုပ်စက်ကြီး ၁၅ လုံးနှင့် ရွှေတူးဖော်ရေးလုပ်ငန်းသုံး ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ထို့ကြောင့် ကျွန်းကုန်းနယ်မြေရဲစခန်းက (ပ)၅၇၁ မှ ၅၈၅ /၂၀၁၇ သတ္တုတွင်း ဥပဒေပုဒ်မ ၃၀ (ခ) ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-15