News

POST TYPE

CRIME & ACCIDENT

အမြန်​လမ်းတွင်​ ကုန်​တင်​ယာဉ်​တိမ်း​မှောက်

တောင်​ငူ၊ စက်​တင်​ဘာ ၉

ရန်​ကုန်​-မန္တလေး အမြန်​လမ်း မိုင်​တိုင်​၂၇၉ အနီး၌ ယနေ့ (စက်​တင်​ဘာလ ၉ ရက်​​) နံနက်​ ၆ နာရီခွဲကျော်က ​ကုန်​တင်​ယာဉ်​တစ်​စီး ယာဉ်​​မောင်း အိပ်​ငိုက်​ရာမှ တိမ်း​မှောက်​ခဲ့ပြီး အမျိုးသားနှစ်​ဦး ထိခိုက်​ဒဏ်​ရာ ရရှိခဲ့​ကြောင်း အမြန်​လမ်းရဲ​တပ်​ဖွဲ့မှ သိရှိရသည်​။

“ယာဉ်​က နေ​ပြည်​တော်​ဘက်​က​နေ မန္တလေးဘက်​ အလာမှာ တိမ်း​မှောက်​ခဲ့တာပါ။ ယာဉ်​​မောင်း အပါအဝင်​ အမျိုးသား သုံးဦး လိုက်​ပါလာပြီး နှစ်​ဦးဒဏ်​ရာရခဲ့လို့ မိတ္ထီလာ​ဆေးရုံ ပို့ပေးထားတယ်​”ဟု အမြန်​လမ်းရဲတပ်​ဖွဲ့ ရဲအရာရှိတစ်​ဦးက ​ပြောကြားသည်။

အမြန်​လမ်းအတိုင်း​ မန္တလေးဘက်​သို့ အသက်​ ၅၄ နှစ်​အရွယ်​ ဦးခင်​​မောင်​ဝင်းဆိုသူ ​မောင်းနင်​ပြီး ယာဉ်​​ပေါ်တွင်​ အမျိုးသားနှစ်​ဦး လိုက်​ပါလာသည့်​ ​ခြောက်​ဘီး ကုန်​တင်​ယာဉ်သည် အခင်းဖြစ်​​နေရာ ​ရောက်​ရှိစဉ်​ ယာဉ်​​မောင်း အိပ်​ငိုက်​ရာမှ လမ်း​ဘေးအကာအရံ ကပ်​တုံးများကို တိုက်​မိပြီး မြေသားလမ်း​ပေါ် တိမ်း​မှောက်​ခဲ့ခြင်း ဖြစ်​သည်​ဟု အမြန်​လမ်းရဲတပ်ဖွဲ့မှ သိရှိရသည်​။

ယာဉ်​တိမ်း​မှောက်​မှုနှင့်​ပတ်​သက်​ပြီး ယာဉ်​​မောင်းကို​ သီးကုန်း အမြန်​လမ်း ရဲတပ်​ဖွဲ့စခန်းက ရာဇသတ်​ကြီးပုဒ်​မ ၃၃၇၊ ၃၃၈ ဖြင့်​ အမှုဖွင့်​ စစ်​​ဆေး​ ဆောင်​ရွက်​​နေသည်​ဟု အဆိုပါရဲစခန်းမှ သိရှိရသည်​။

R-15