News

POST TYPE

CRIME & ACCIDENT

ကျိုင်းတုံတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ
09-Sep-2017 tagged as မူးယစ်ဆေးဝါး

ကျိုင်းတုံ၊ စက်တင်ဘာ ၉

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် နမ့်ဘော်အောရွာနှင့် ပန်လော့ကျေးရွာကြားတွင် ယနေ့ (စက်တင်ဘာလ ၉ ရက်) နံနက်ပိုင်းက လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ (သိန်း ၅၀ ခန့် တန်ဖိုးရှိ) ဖမ်းဆီးရမိခဲ့သည်။

ယင်းသတင်းကို ကျိုင်းတုံမြို့ အမှတ် (၂၈) မူးယစ်တပ်ဖွဲ့စုမှူး ဒုရဲမှူးဇော်ဝင်းထွန်းက အတည်ပြု ပြောကြားခြင်း ဖြစ်သည်။

“သတင်းရရှိလို့ ပူးပေါင်းအဖွဲ့နဲ့ စောင့်နေချိန်မှာ မူးယစ်ဆေးဝါးတွေ သွားရောင်းဖို့ အိမ်ကနေ လမ်းလျှောက်ထွက်လာချိန်မှာ ဖမ်းမိခဲ့တာ။ ထုံးစံအတိုင်းပဲ သူတို့တွေက သုံးလည်းသုံး ပြန်ပြီးတော့လည်း ရောင်းချကြတာပေါ့” ဟု ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ နမ့်ဘော်အောရွာနေ အသက် ၄၅ နှစ်အရွယ် အိုက်လာကို မူး/စိတ် ပုဒ်မ ၁၅/၁၉(က) အရ အရေးယူထားပြီး ကွင်းဆက်တရားခံ ဖမ်းဆီးရမိရန် စုံစမ်းနေကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းထံမှ သိရသည်။

R-16