News

POST TYPE

CRIME & ACCIDENT

စဥ့်ကူးတွင် တောင်ကျချောင်းရေ ဝင်ရောက်မှုကြောင့် ကျပ်သိန်း ၇၀၀ ကျော် ပျက်စီး
08-Sep-2017

သပိတ်ကျင်း၊ စက်တင်ဘာ ၈

မိုးအဆက်မပြတ် ရွာသွန်းကာ တောင်ကျချောင်းရေ ဝင်ရောက်မှုကြောင့် မန္တလေးတိုင်း စဥ့်ကူးမြို့နယ်ရှိ ကျေးရွာများ ရေဘေးသင့်ခဲ့ပြီး ကျပ်သိန်း ၇၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းက ချောင်းရေကျရောက်ခဲ့အတွက် ကျည်တောက်ပေါက် ကျေးရွာတွင် လူနေအိမ် (၄၃) လုံး၊ နွယ်ရုံကျေးရွာတွင် နေအိမ် (၁၄) လုံး၊ ငါးပြားပေး ကျေးရွာတွင် နေအိမ် (၁) လုံး ပျက်စီးဆုံးရှုံးပြီး သာမန်ထိခိုက်မှုရှိသည့် အိမ် (၁၆) လုံးနှင့် ရေတွင်း၊ ရေကန်၊ အုတ်တံတိုင်းများ ပျက်စီးခဲ့သည်ဟု ၎င်းက ဆိုသည်။

“တောင်ကျချောင်းရေ ဝင်ရောက်ထိခိုက်ပျက်စီးခဲ့တဲ့ အိမ်ထောင်စု (၇၄) စုအတွက် မြို့နယ်အဖွဲ့အစည်းတွေရော မန္တလေးတိုင်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ကူညီလုပ်ကိုင်ဆောင်ရွက်ပြီးတော့ နေအိမ်အသုံးအဆောင် ထောက်ပံ့ရေး ပစ္စည်းလည်း လှူဒါန်းပေးအပ်ထားပါတယ်” ဟု စဥ့်ကူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်သက်မောင်က ပြောသည်။

ကျည်တောက်ပေါက် ကျေးရွာတွင် လူနေအိမ် ၄၃ လုံး ပျက်စီးမှုသည် ဆုံးရှုံးမှုတန်ဖိုး ၆၀၈ သိန်းကျပ်ခန့်၊ နွယ်ရုံကျေးရွာ နေအိမ် ၁၄ လုံးပျက်စီးမှု ကျပ် ၂၈ သိန်းခန့်၊ ငါးပြားပေးကျေးရွာ အိမ်ခြေ ၁ လုံး ပျက်စီးမှုသည် ကျပ်သိန်း ၂၀ ခန့်နှင့် သာမန်ထိခိုက်နေအိမ်တို့၏ အုတ်တံတိုင်း၊ ရေးတွင်း၊ ရေကန် ပျက်စီးဆုံးရှုံးမှု ၆၈ သိန်းခန့် ရှိကြာင်း ယင်းဌာနထံမှသိ ရှိရသည်။

Photo  - SUG 
R-05