News

POST TYPE

CRIME & ACCIDENT

ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ယာဉ်တိမ်းမှောက်၊ ငါးဦးသေဆုံး
25-Aug-2016
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွှတ်ကွင်းမြို့ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် ၁၂၉ အနီး ယနေ့(သြဂုတ် ၂၅ ရက်) မွန်းလွဲ ၂ နာရီခွဲခန့်က Caldina အမျိုးအစား အိမ်စီးယာဉ်တစ်စင်း အရှိန်လွန်ပြီး လမ်းဘေးထိုးကျ တိမ်းမှောက်ရာမှ ယာဉ်ပေါ်လိုက်ပါလာသူ ခြောက်ဦးအနက် ကလေးငယ်နှစ်ဦးအပါအဝင် ငါးဦး သေဆုံးခဲ့ကြောင်း ဖြူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

"ကားပေါ်မှာ ယာဉ်မောင်းက ဘယ်သူလည်းဆိုတာ စုံစမ်းဆဲပါ။ အခင်းဖြစ်တဲ့နေရာမှာ ကလေးငယ်တစ်ဦးနဲ့ အမျိုးသားနှစ်ဦး အမျိူးသမီး တစ်ဦး သေဆုံးသွားပြီး ကညွတ်ကွင်းဆေးရုံမှာ အမျိုးသားတစ်ဦး ထပ်ဆုံးတော့ စုစုပေါင်း ငါးဦး ဆုံးပါးသွားပါတယ်"ဟု ဖြူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နေပြည်တော်ဖက်မှ ရန်ကုန်ဖက်သို့ယာဉ်မောင်းအပါအဝင် မိသားစုဝင် ခြောက်ဦးလိုက်ပါလာသော တိုယိုတာ Caldina မော်တော်ယာဉ်သည် ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ဖြူမြို့နယ် ကညွှတ်ကွင်းမြို့ တောင်ဂုံးတဲကျေးရွာ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် ၁၂၉ သို့အရောက် အရှိန်လွန်ကာ လမ်းဘေးထိုးကျတိမ်းမှောက်ခဲ့သည့်ရာ ယာဉ်ပေါ်လိုက်ပါလာသူများအနက် အသက် ၄၅ နှစ်ခန့်အရွယ် အမျိူးသား နှစ်ဦး အသက် ၃၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက် တစ်နှစ်ခန့်အရွယ် ကလေးငယ်ယောကျ်ားလေး တစ်ဦး စုစုပေါင်း လေးဦးသည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ပြီး ကညွှတ်ကွင်းဆေးရုံသို့ တင်ပို့ကုသထားသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအနက် အမျိုးသားသည် အခင်းဖြစ်ပြီး တစ်နာရီခွဲခန့်အကြာတွင် ထပ်မံသေဆုံးခဲ့ကြောင်း ကညွတ်ကွင်းနယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။


  • VIA