News

POST SECTION

CRIME-AND-ACCIDENT

20-Jan-2019
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ရွာကောက်ရပ်ကွက် နှင်းဆီပန်းအဝိုင်းအနီးတွင် ဇန်နဝါရီ ၁၈ ရက် မွန်းလွဲပိုင်းက ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဓားနှင့်ဝိုင်းခုတ်ခဲ့သူ ၁၇ ဦးလုံးကို ဖမ်းမိပြီဖြစ်ကြောင်း ပျဉ်းမနားမြို့မ ရဲစခန်းမှ အမှုစစ်ရဲအရာရှိတစ်ဦးက ပြောကြားသည်။
19-Jan-2019
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၃၄ အနီး၌ ဇန်နဝါရီလ ၁၉ ရက် နံနက် ၁၁ နာရီခန့်က တိမ်းမှာက်ခဲ့သည့် စူပါကာစတန်မော်တော်ယာဉ်ကို စစ်ဆေးရာမှ ဘင်္ဂါလီလူမျိုး ၁၂ ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
19-Jan-2019
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို လူမှုကွန်ရက်တွင် မဖွယ်မရာပုံနှင့်စာများတင်၍ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် တရားစွဲခံထားရသည့် ဒုရဲမှူးဟောင်း၏ ဇန်နဝါရီ ၁၈ ရက်နေ့က ပထမဆုံးအကြိမ်ရုံးချိန်းသို့ တရားသူကြီးမလာ၍ ဇန်နဝါရီလနောက်ဆုံးပတ်သို့ ပြန်လည်ချိန်းဆိုလိုက်ကြောင်း ယင်းအမှုစစ်ရဲအရာရှိတစ်ဦးက ပြောကြားသည်။
19-Jan-2019
ပဲခူးတိုင်း တောင်ငူမြို့နယ် ဖိုးနီဆိပ်ကျေးရွာ ရွာလယ်လမ်းမပေါ်တွင် ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေ ၃ နာရီကျော်က ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ဖောကားကြိတ်မိ၍ သေဆုံးခဲ့ကြောင်း တောင်ငူမြို့နယ် အမှတ်၂ နယ်မြေရဲစခန်းထံမှ သိရသည်။
19-Jan-2019
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံအရှေ့မြို့နယ်ရှိ (၁၅၆) ရပ်ကွက်၊ သလ္လာဝတီလမ်းတွင် ဇန်နဝါရီလ ၁၈ ရက် ညနေပိုင်းက နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
19-Jan-2019
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ရွာကောက်ရပ်ကွက် နှင်းဆီပန်းအဝိုင်းအနီးတွင် ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းခန့်က တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များဓားဖြင့်ဝိုင်းခုတ်ခံခဲ့ရပြီး တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း နေပြည်တော်ရဲတပ်ဖွဲ့ဌာနချုပ်ရုံးထံမှ သိရသည်။
19-Jan-2019
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း အလယ်ရွာအနီးတွင် ဇန်နဝါရီ ၁၈ ရက် နံနက် ၇ နာရီခန့်က ၂၂ ဘီးတွဲကုန်တင်ယာဉ်တစ်စီးအရှိန်လွန်ကာ လမ်းဘေးထိုးကျတိမ်းမှောက်ရာမှ ယာဉ်မောင်းသေဆုံးခဲ့ကြောင်း ညောင်လေးပင်မြို့မရဲစခန်းထံမှ သိရသည်။
18-Jan-2019
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ဇန်​န၀ါရီ ၁၇ ရက် နံနက်ပိုင်က ယာဉ်​တိုက်​မှု နှစ်ကြိမ်ဖြစ်ပေါ်ခဲ့ရာ ၆ တန်းကျောင်းသားတစ်ဦးနှင့် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးတို့ သေဆုံးခဲ့ကြောင်း ကျိုင်းတုံမြို့ အမှတ် (၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ကျော်ဇောအောင်က ပြောကြားသည်။
18-Jan-2019
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဟောင်လိတ် အခြေခံပညာ အထက်တန်းကျောင်း၌ ပညာသင်ကြားနေသည့် ၈ တန်းကျောင်းသူအား ဂုဏ်သိက္ခာ ထိခိုက်စေသည့်စာများကို ဖုန်းမက်ဆေ့ဖြင့် ပေးပို့ခဲ့သည့် အတန်းပိုင်ဆရာကို ဇန်​န၀ါရီ ၁၇ ရက် ည​နေ ၆ နာရီခန့်က ၆၆ (ဃ) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း တာချီလိတ် မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးခိုင်က ပြောကြားသည်။
18-Jan-2019
အရက်ခေါ်တိုက်သည်ကို ငြင်းဆန်သဖြင့် ဓားဖြင့်ထိုးသတ်ခဲ့မှု ဇန်နဝါရီ ၁၆ ရက်က နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ဦးကျေးရပ်ရွာတွင်ဖြစ်ပွားခဲ့ကြောင်း ပျဉ်းမနားမြို့မှရဲစခန်းထံမှ သိရှိရသည်။
17-Jan-2019
သက်မပြည့်သေးသည့် မိန်းကလေးငယ်နှစ်ဦးကို မုဒိမ်းကျင့်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်တရားရုံးတွင် တရားစွဲခံခဲ့ရသည့် ခရစ်ယာန် (ဧဝံဂေလိ) တရားဟောဆရာ ဦးလာလ်ဗျက်လားရ် (၃၃ နှစ်)ကို ဇန်နဝါရီလ ၁၆ ရက်နေ့က ထောင်ဒဏ် ၄၃ နှစ်ချမှတ်ခဲ့ကြောင်း ကလေးခရိုင်တရားရုံးမှ သိရသည်။
17-Jan-2019
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မော်တွီရွာနှင့် အားရဲရွာသွား လမ်းပေါ်တွင် ဇန်နဝါရီ ၁၆ ရက် နံနက် ၉ နာရီခန့်က ၁၀ ဘီးကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်၍ ယာဉ်မောင်း သေဆုံးခဲ့ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
17-Jan-2019
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် နတ်သံကွင်းဒေသ ကျောက်ကြီး-ပဲနွယ်ကုန်းကားလမ်းပေါ်နှင့် ကော့ဗျင်းကျေးရွာတို့တွင် ဇန်နဝါရီ ၁၆ ရက်နေ့တစ်ရက်အတွင်း တရားမဝင်သစ်ရှစ်တန်ကျော်နှင့် အမျိုးသားနှစ်ဦးတို့ကို ဖမ်းမိခဲ့ကြောင်း တောင်ငူခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။
15-Jan-2019
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မိုင်းနောရွာတွင် ဇန်နဝါရီ ၁၄ ရက် နံနက် ၉ နာရီခွဲခန့်က မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသည့် ဇနီးမောင်နှံ နှစ်ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ နယ်ထိန်းအဖွဲ့ခေါင်းဆောင် ဒုရဲအုပ် ဇင်မင်းလတ်က ပြောကြားသည်။
15-Jan-2019
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်အတွင်းရှိ ၉ မိုင်ကျေးရွာအနီးတောတွင်း၌ ဒဏ်ရာများဖြင့် သေဆုံးနေသည့်အမျိုးသား တစ်ဦးနှင့်အမျိုးသမီး တစ်ဦးတို့၏ ရုပ်အလောင်းများကို ဇန်နဝါရီလ ၁၄ ရက်က တွေ့ရှိခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။