News

POST SECTION

CRIME-AND-ACCIDENT

22-Jun-2017 tagged as မုဒိမ်း
အသက် ၁၈ နှစ်အရွယ် အိမ်အကူ မိန်းကလေးကို အသက် ၅၁ နှစ်အရွယ် အိမ်ရှင်အမျိုးသားက သားမယား ပြုကျင့်ခဲ့သည်ဟုဆိုကာ အမှုဖွင့်ထားကြောင်း ကျောက်တန်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
21-Jun-2017 tagged as မန္တလေး
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ စားသောက်ဆိုင်တစ်ခု၏ စားဖိုဆောင်အတွင်း ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဂက်စ်အိုးပိုက် ပြုတ်ထွက်ရာမှ မီးခိုးများ ထွက်လာသည့်အတွက် ခရီးသည်များ အထိတ်တလန့် ဖြစ်ခဲ့ရကြောင်း တံတားဦးမြို့နယ် ရဲစခန်းထံမှ သိရသည်။
21-Jun-2017 tagged as
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ နယ် ကေတုမတီမြို့သစ် မင်းကြီးဆွေရပ်ကွက် နေအိမ်တစ်အိမ်၌ ဇွန်လ၂၀ ရက် ည ၇ နာရီက သံသေတ္တာထဲ ပုန်းအောင်းနေသော ၆ တန်းကျောင်းသူ အသက်ရှူကျပ် သေဆုံးခဲ့ကြောင်း ကေတုမတီမြို့သစ် နယ်မြေ ရဲစခန်းထံမှ သိရသည်။
21-Jun-2017 tagged as ဗိုလ်တထောင်
ဗိုလ်တထောင်မြို့နယ် ၅၅ လမ်းရှိ အစိုးရ စက်သုံးဆီဆိုင်အမှတ် ၀၂၅၄ မှာ ဇွန် ၂၁ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က အုတ်တံတိုင်းပြိုကျရာမှ ယာဉ်နှစ်စီးပေါ် အုတ်များ ပိမိသဖြင့် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
21-Jun-2017 tagged as
ပဲခူး တိုင်းဒေသကြီး ရေတာရှည်မြို့နယ် စက်မှုလယ်ယာရုံးရှေ့ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ဇွန်လ ၂၁ ရက် ညနေ ၃ နာရီခွဲခန့်က ဆိုင်ကယ်တစ်စီးပေါ် သစ်ကိုင်းကျိုးကျရာမှ ဆိုင်ကယ်မောင်းသူ အမျိုးသား သေဆုံးပြီး နောက်မှလိုက်ပါလာသူ အမျိုးသမီး ဒဏ်ရာရရှိခဲ့ကြောင်း ရေတာရှည်မြို့မ ရဲစခန်းမှ စုံစမ်း သိရှိရသည်။
20-Jun-2017 tagged as
ပယောဂကုသည်ဟုဆိုကာ အသက် ၈ လမှ ၃ နှစ်အတွင်းရှိ ကလေးငယ်သုံးဦးကို သေဆုံးအောင် ရိုက်နှက်ခဲ့ပြီး အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိအောင် ပြုလုပ်ခဲ့သည့် အသက် ၃၀ အရွယ် အမျိုးသားကို မသေမချင်း ကြိုးကွင်းစွပ်သတ်ရန်နှင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်ကျခံစေရန် ဇွန်လ ၂၀ ရက် နေ့လယ်ပိုင်းတွင် တောင်ပိုင်းခရိုင် တရားရုံးက အမိန့်ချခဲ့သည်။
20-Jun-2017 tagged as ကျိုင်းတုံ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်တွင် မူလတန်းပြ ဆရာမတစ်ဦး၏နေအိမ်မှ ဆန်နှင့်ကြက်သွန်နီများ ခိုးယူခဲ့သည့် အမျိုးသားတစ်ဦးကို ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိကြောင်း မိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။
19-Jun-2017 tagged as
ရန်ကုန်မြို့အတွင်း အငှားယာဉ်တစ်စီးဖြင့် လှည့်လည်၍ ယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည်များအား ခြိမ်းခြောက်ရိုက်နှက်ပြီး လက်ဝတ်ရွှေထည်၊ ငွေနှင့် လက်ကိုင်ဖုန်းများ လုယက်နေသည့်အဖွဲ့မှ အမျိုးသားနှစ်ဦးကို Junction 8 ကုန်တိုက်ရှိ အငှားယာဉ်ဂိတ်တွင် ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
19-Jun-2017 tagged as
အရက်မူးနေသော ဖခင်က သမီးအရင်းအား သားမယား ပြုကျင့်မှုတစ်ခု မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု၊ ချောင်းကူးငယ်ရပ်တွင် ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့နယ် မြို့မရဲစခန်းမှ သိရသည်။
18-Jun-2017 tagged as
ရန်ကုန်မြို့လယ် ၃၃ လမ်း(အထက်ဘလောက်)ရှိ မြေညီထပ်တိုက်ခန်းတစ်ခုတွင် ဖွင့်လှစ်ထားသည့် ခရီးသွားကုမ္ပဏီတစ်ခု ယနေ့(ဇွန်လ ၁၈ရက်) မွန်းလွဲပိုင်းက အနုကြမ်းစီးလုယက်ခံခဲ့ရသည်။
17-Jun-2017 tagged as လူသတ်မှု
ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ် ချောင်းဝကျေးရွာအုပ်စု ကျွန်းသုံးပင်ကျေးရွာ နေအိမ်တစ်အိမ်တွင် ဇွန်လ ၉ ရက်နေ့ ည ၈ နာရီခန့်က ဇနီးဖြစ်သူကိုသတ်၍ အလောင်းကို မီးရှို့ဖျက်ဆီးခဲ့သူ အမျိုးသားကို အခင်းဖြစ်ပြီး တစ်ပတ်အကြာတွင် ဖမ်းဆီးရမိခဲ့သည်ဟု ထန်းတပင် မြို့မရဲစခန်းမှူး ဒုရဲမှူးခင်စိုးလွင်က ပြောကြားသည်။
16-Jun-2017 tagged as ဗိုလ်တထောင်
ဗိုလ်တထောင်မြို့နယ်၊ ICT (2) ဝင်း အနောက်ဘက် မြစ်ကမ်းစပ်တွင် ဇွန်လ ၁၄ ရက် မွန်းလွဲပိုင်းက သေဆုံးပုပ်ပွနေသည့် ကိုးတန်းကျောင်းသားတစ်ဦး၏ အလောင်းအား တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းမြို့နယ် ရွာမကြီးကျေးရွာတွင် နွားလွှတ်ကျောင်းသည့် ပြဿနာနှင့် ပတ်သက်ပြီး နှစ်ဖက်အချင်းများခဲ့ရာမှ ထဘီလှန်ပြသည့် အနေအထားဖြင့် အသက် ၆၀ အရွယ် ဒေါ်တင်ညွန့်၏ ဗီဒီယိုဖိုင်အား ရိုက်ကူးသူနှင့် လူမှုကွန်ရက်တွင် တင်ခဲ့သူကို ခင်ပွန်းဖြစ်သူ ဦးရဲဝင်းက ဇွန်လ ၁၅ ရက်နေ့ ညနေ ၅ နာရီခန့်က ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်လှစ် တိုင်ကြားခဲ့သည်ဟု ကညွတ်ကွင်း နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။
မကွေးအခြေစိုက် သတင်းထောက် သုံးဦးကို မကွေးမြို့နယ်၊ မယ်လှတောင် ကျေးရွာအုပ်ချုပ်ရေးမှူးက ဇွန်လ ၁၀ ရက်နေ့က ပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း မကွေးမြို့နယ်၊ အမှတ် ၂ ရဲစခန်းထံမှ သိရသည်။
15-Jun-2017 tagged as စက်လှေ
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် အထက်ဝင်းခနိမ်ကျေးရွာ မဓမချောင်းအတွင်း၌ ဇွန်လ ၁၄ ရက်နေ့ ည ၈ နာရီခွဲခန့်က စက်လှေတစ်စင်းသည် ရွှေဖောင်ကို ချိတ်ဆွဲသွယ်တန်းထားသည့် သံကြိုးနှင့်ချိတ်မိ၍ တိမ်းမှောက်ရာမှ အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေကြောင်း ရွှေကျင်မြို့ ဝင်းခနိမ်ကျေးရွာ ဒေသခံ ဦးဝင်းဦးက ပြောကြားသည်။