News

01-Oct-2020
ပြည်ပနိုင်ငံများမှ စင်းလုံးဌားကယ်ဆယ်ရေးလေယာဉ် (Regular Charter Flight) များဖြင့် အောက်တိုဘာ ပထမအပတ်နှင့် ဒုတိယအပတ်တို့တွင် လိုက်ပါလာကြမည့် မြန်မာသင်္ဘောသားအလုပ်သမားများအား လှည်းကူးမြို့နယ်ရှိ ဓမ္မာ့မာမက ဓမ္မရိပ်သာ နှင့် ဓမ္မရံသီမိုးကုတ်ရိပ်သာ ကန့်သတ်စောင့်ကြည့်ရေး စင်တာ (Facility Quarantine Center) တို့၌ထားရှိမည်ဖြစ်ကြောင်း SEA RANGERS ( Myanmar Seafarers Donation Group) ထံမှ သိရသည်။
01-Oct-2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့မရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရပြီး ယင်းရောဂါပိုး ကူးစက်ခံရသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ထိတွေ့ခဲ့သော မိသားစုဝင်များကိုလည်း စောင့်ကြည့်နေကြောင်း အင်းစိန်မြို့မရဲစခန်းထံမှ သိရသည်။
01-Oct-2020
ဧရာဝတီတိုင်း ပုသိမ်မြို့နယ်အတွင်း လေဘေးကယ်ဆယ်ရေးသွားခဲ့သည့် အစိုးရအရာရှိ နှစ် ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း ပုသိမ်မြို့ ခုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံအုပ်ကြီးရုံးထံမှ သိရသည်။
29-Sep-2020
မကွေးတိုင်း ရေနံချောင်းမြို့ ပြည်သူ့ဆေးရုံတွင်ဆေးကုသမှုခံနေသည့် ရန်ကုန်မှပြန်လာသူ အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတွင် ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမန်းကိုဟောက ပြောဆိုသည်။
29-Sep-2020
ရန်ကုန်တိုင်းဒေသကြီး (Stay at Home) ကာလအတွင်း ဘဏ်လုပ်ငန်း၊ ပုဂ္ဂလိကဆေးရုံလုပ်ငန်းနှင့် အခြားလုပ်ငန်း ၃ ခုကို QR Pass ရယူရန်မလိုအပ်သည့် လုပ်ငန်းများအဖြစ်သတ်မှတ်လိုက်ကြောင်း ကုန်သည်စက်မှုအသင်းချူပ်၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
28-Sep-2020
မုံရွာမြို့ ရွှေပြည်အေးရပ်ကွက်တွင်နေထိုင်ပြီး ခရီးသွားရာဇဝင်ရှိသည့် အမျိုးသားတစ်ဦး ကိုဗစ်-၁၉ပိုးတွေ့ရှိခဲ့ပြီးနောက် စက်တင်ဘာ ၂၆ နေ့ညက မုံရွာမြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုမှုခံယူနေကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
28-Sep-2020
မန္တလေးတိုင်းအတွင်းရှိ ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နေထိုင်မည်ဆိုပါက ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ကြောင်းမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
27-Sep-2020
ကမ္ဘာတစ်ဝန်း ဖြစ်ပွားလျက်ရှိသော Covid-19 ရောဂါနှင့် ပတ်သက်၍ ရောဂါကာကွယ်ရေးသတ်မှတ်စည်းကမ်းများ ချမှတ်ထားသော်လည်း တစ်နိုင်ငံလုံးတွင် စည်းကမ်းမလိုက်နာသူ ၅၂၅ ဦးကို ရက်သတ္တတစ်ပတ်အတွင်း အရေးယူခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။
27-Sep-2020
မကွေးတိုင်း ချောက်မြို့နယ် ဥယျာဉ်ကြီးကျေးရွာ အမကကျောင်း Facility Quarantine စခန်းတွင် Quarantine ဝင်နေသူ ၁၀ ဦးအနက်သုံးဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ခဲ့ကြောင်းချောက်မြို့နယ် ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးက ပြောဆိုသည်။
26-Sep-2020
COVID-19 အတည်ပြုလူနာ ၈၈၀ ဦးထပ်မံတွေ့ရှိခဲ့ပြီး ဦးရေတစ်သောင်းပြည့်ရန် ၉ ဦးသာလိုတော့ကြောင်း ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။
26-Sep-2020
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြို့နယ်တွင် အသွားအလာကန့်သတ်ထားသူများ​၏ နှာခေါင်းနှင့်အာခေါင်တို့ဖတ်နမူနာများကို စစ်ဆေးခဲ့ရာ ယနေ့နံနက်တွင် ပိုးတွေ့လူနာနှစ်ဦးတွေ့ရှိခဲ့ကြောင်း ကနီမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌနထံမှ သိရသည်။
25-Sep-2020
COVID-19 အတည်ပြုလူနာများထဲမှ သေဆုံး ၁၇ ဦးထပ်တိုးလာခဲ့ပြီး ယင်းတို့ထဲတွင် သေဆုံးပြီးမှ ဓာတ်ခွဲနမူနာရယူခဲ့သည့်အရေအတွက်မှာ ၁၁ ဦးအထိရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၂၅ ညနေ ၅ နာရီတွင်ထုတ်ပြန်ထားသည်။
25-Sep-2020
လားရှိုးဒေသခံသတင်းသမားခုနစ်ဦးသည် ပြင်ဦးလွင်မြို့တွင်ဖွင့်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ သတင်းရေးသားနည်းသင်တန်းက ပြန်လာပြီးနောက် Quarantine ဝင်နေခဲ့ကြပြီး တို့ဖတ်နမူနာများရယူစစ်ဆေးခဲ့ရာမှ နှစ်ကြိမ်ဆက်ပိုးမတွေ့အဖြေထွက်ခဲ့ကြောင်း ကျန်းမာရေးဌာနထံမှသိရသည်။
22-Sep-2020
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုမှာ စက်တင်ဘာလ ၂၁ ရက်နေ့အတွက် တစ်ရက်တာအတွင်း ၆၆၆ ဦးတွေ့ရှိခဲ့ရာ ၁၀ ရက်တာ အတွင်း အမြင့်ဆုံးစံချိန်ဖြစ်ခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။
21-Sep-2020
ပဲခူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ငွေကိုင်အမျိုးသားတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသည်ကိုစစ်ဆေးတွေ့ရှိ ရကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့ဝင် သယံဇာတ၊ သစ်တော၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက ပြောကြားသည်။