News

16-Nov-2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ Contact Person များထားရှိရန် ဒလ-ဓနုတ်လမ်းမပေါ်ရှိ ဒလမြို့နယ်၊ အမှတ် ၄ အခြေခံပညာ အထက်တန်းကျောင်းကို လူဦးရေ ၁၃၀ ထားရှိနိုင်မည့် အသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာ (Facility Quarantine Cente) အဖြစ် ပြင်ဆင်လျက်ရှိကြောင်း ဒလမြို့နယ် ကိုဗစ်ကော်မတီထံမှ သိရသည်။
16-Nov-2020
သန်လျင်မြို့ရှိ သဘာဝတရားရိပ်သာတွင် Covid-19 ကူးစက်ခံထားရ သူ ၄၀ဝ ကျော်ရှိလာပြီး သေဆုံးသူ ၉ ဦး အထိရှိပြီဖြစ်ကြောင်း ယင်းရိပ်သာက ကြေညာထားသည်။
15-Nov-2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များနှင့် မျက်နှာအကာ (Face Shield) များကို ထောက်ပံ့ပေးဝေနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
14-Nov-2020
စစ်ကိုင်းဆေးရုံကြီးတွင် လူနာမှ ရောဂါဖြစ်ပွားသည့် ထိစပ်ရာဇဝင်ကို မှန်ကန်စွာ မပြောဆိုခြင်းကြောင့် ကျန်းမာရေးဝန်ထမ်း ၄၀ ခန့် Quarantine နေပြီး swab ယူခံရရတော့မည်ဖြစ်ကြောင်း စစ်ကိုင်းမြို့ဆေးရုံကြီးက ထုတ်ပြန်သည်။
12-Nov-2020
သန်လျင်မြို့ရှိ သဘာဝတရားရိပ်သာတွင် COVID-19 ကူးစက်ခံထားရသူ ၃၀ဝ ကျော်အနက် အသက် ၈၇ နှစ်အရွယ် အဘိုးတစ်ဦးထပ်မံသေဆုံးသည့်အတွက် သေဆုံးသူ ၅ ဦးအထိရှိလာပြီဖြစ်ကြောင်း ၎င်းရိပ်သာ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင်ဖော်ပြထားသည်။
11-Nov-2020
ရွေးကောက်ပွဲ ကျင်းပသည့်နေ့နှင့် ရွေးကောက်ပွဲ ကျင်းပပြီးနေ့တို့တွင် လူစုလူဝေးများ ဖြစ်ပေါ်ခဲ့ပြီးနောက် COVID-19 အန္တရာယ်ရှိသည်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးထုတ်ပြန်လိုက်သည်။
10-Nov-2020
ကိုဗစ်ကာလ ကိုယ်ခံအားကောင်းစေဖို့ အာဟာရပြည့်ဝအောင် ဘာတွေပါအောင်စားရမလဲ။မိမိတို့စားမယ့်နေ့ စဉ်အစားအစာတွေထဲမှာ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္ထုဓာတ်၊ အမျှင်ဓာတ်၊ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ ပြည့်ဝမျှတစွာပါဝင်အောင် စားသုံးဖို့လိုမယ်။ ဒါမှ ကိုယ်ခံအားပြည့်ပြီး ရောဂါ တွေဝင်လာခဲ့ရင် အကောင်းဆုံးတိုက်ထုတ်နိုင်မှာလေ။
10-Nov-2020
APTERR Tier-3 အစီအစဉ်အရ ကိုရီးယားနိုင်ငံကလှူဒါန်းသည့် ဆန်ရိက္ခာတန်ချိန် ၆၀၀ ကို ကိုဗစ်ကပ်ရောဂါခံစားရသည့်ပြည်သူများကို ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။
07-Nov-2020
ပုသိမ်မြို့ရှိ ပုသိမ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ အဖွဲ့၀င်နှစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း ဧရာဝတီတိုင်း ကျန်းမာရေးဦးစီးဌာနထံမှသိရသည်။
06-Nov-2020
မကွေးတိုင်းတွင် နိုဝင်ဘာ ၅ ရက်နှင့် ၆ ရက် နှစ်ရက်အတွင်း ကိုဗစ်ပိုးတွေ့dနှစ်ဦး သေဆုံးခဲ့ကြောင်း တိုင်းကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ မင်းဘူးမြို့နယ် ကျောက်ဆံကျေးရွာမှအသက် ၇၉ နှစ်အရွယ် ပိုးတွေ့လူနာအမျိုးသားတစ်ဦး ဆေးရုံတက်ကုသရာမှနိုဝင်ဘာ ၆ရက်နေ့နံနက်ကသေဆုံးခဲ့ကြောင်း ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာတင့်ခိုင်က ပြောသည်။
05-Nov-2020
Covid-19 ပိုးတွေ့လူနာသစ် ၁၁၉၇ ဦးအနက် ၄၀ဝ ကျော်မှာ အနံ့မရရှိ သူများပါဝင်ပြီး ဆယ်ရက်အတွင်း အနံ့ မရသည့်လူနာ ၂၅၀ဝ ကျော်အထိရှိလာကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။
03-Nov-2020
ပုသိမ်မြို့ အမှတ် ၉ ရပ်ကွက် အထက-၈ Quarantine စင်တာမှ ထွက်ပြေးပြီး မိန်းမခိုးခဲ့သည့် အသက် ၁၉ နှစ်ရွယ် လူငယ်အမျိုးသားတွင် ကိုဗစ်-၁၉ ပိုး တွေ့ရှိကြောင်း ပုသိမ်မြို့ရှိ ခုတင် ၅၀ဝ ဆေးရုံအုပ်ကြီးရုံးထံမှ သိရသည်။
03-Nov-2020
COVID-19 ဖြစ်ပွားမှု အများဆုံးနိုင်ငံစာရင်းတွင် မြန်မာနိုင်ငံသည် အဆင့် ၇၆ ရောက်ရှိသွားသည့်အတွက် ယခင်ထက် အဆင့်တစ်ခုလျော့ကျသွားခဲ့ကြောင်း WHO ၏ နိုဝင်ဘာလ ၂ ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။
02-Nov-2020
သန်လျင်မြို့ သဘာဝဘိုးဘွားရိပ်သာတွင် ငါးရက်အတွင်း COVID-19 ကူးစက်ခံခဲ့ရသည့်အရေအတွက်မှာ ၂၆၀ ကျော်အထိရှိလာပြီး အရေအတွက် လေးထောင်ကို နေ့စဉ်သုံးရာခန့် စစ်ဆေးနေကြောင်း ၎င်းရိပ်သာတွင် ဗော်လန်တီယာအဖြစ် ဆောင်ရွက်နေသူ ဒေါက်တာကျော်ဇင်သန့်က ပြောသည်။
02-Nov-2020
လွိုင်ကော်မြို့နယ် ဝှါရီကောခူ ကားကြီးဝင်းတွင် ရောဂါပိုးစစ်ဆေးခဲ့ရာ၌ နက်ဂတစ်အဖြေထွက်ခဲ့သည့်အတွက် မန္တလေးမြို့သို့ ကုန်ပို့သွားသည့် ယာဉ် နောက်လိုက်တစ်ဦး လွိုင်ကော်သို့ ပြန်ရောက်ချိန်တွင် ဆေးပြန်စစ်ခဲ့ရာ၌ ကိုဗစ်-၁၉ ရောဂါပိုး ပြန်တွေ့ခဲ့သည်ဟု ကယားပြည်နယ် အစိုးရအဖွဲ့ရုံးထံမှ စုံစမ်းသိရှိရသည်။