News

03-Dec-2020
ကမ္ဘာ့ဈေးကွက်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်မျိုး ရောက်ရှိလာဖို့က သိပ်ကိုနီးစပ်နေပြီဖြစ်တယ်။ သို့ပေမယ့် ဒီဆေးတစ်လုံး ဟာ ဘယ်လောက်များ ကုန်ကျလိမ့်မလဲ။ အဓိကအချက် က အမေရိကန်နိုင်ငံမှာဆိုရင် ပြည်သူလူထုဟာ သူတို့ အိတ်ကပ်ထဲက ပိုက်ဆံတွေ နည်းနည်းပါးပါး ထွက်ရ ဦးမှာလား၊ တစ်ကျပ်တစ်ပြားမှ ပေးစရာ မလိုဘူး လား။ နောက်ပြီး အစိုးရက ရန်ပုံငွေများစွာ ထောက်ပံ့ထားတဲ့ ဆေးကုမ္ပဏီတွေဟာ ဈေးကွက်မှာ ဖြစ်လာနိုင်တဲ့ ဈေးအောက်လျော့ကာ ဈေးချိုနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာပါပဲ။
03-Dec-2020
ရှမ်းပြည်နယ်၊ တောင်ကြီးတက္ကသိုလ်ဝင်းရှိ Quarantine စင်တာမှာ အသွားအလာ ကန့်သတ်ခံထားရတဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ နိုဝင်ဘာ ၂၉ ညပိုင်းမှာ အဓမ္မပြုကျင့်ခံရတယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပြီးနောက်မှာ Quarantine စင်တာက အမျိုးသမီးတွေရဲ့လုံခြုံရေးအတွက် ဆွေးနွေးစရာတွေဖြစ်လာပါပြီ။
02-Dec-2020
COVID -19 ပေါ့စတစ်ဖြစ်ဖူးခဲ့သူ တစ်ဦးကို စစ်ဆေးမည်ဆိုပါက သုံးလအထိ ပေါ့စတစ်အဖြစ်တွေ့ရှိနေရမည်ဖြစ်သော်လည်း အခြားသူသို့ကူးစက်နိုင်ခြေနည်းပါကြောင်း ဆေးတက္ကသိုလ် (၂) ရန်ကုန်မှ ပါမောက္ခဒေါက်တာသင်းသင်းနွဲ့ ကပြောကြားသည်။
29-Nov-2020
ကိုဗစ်ကာကွယ်ရေး စည်းကမ်းမလိုက်နာသူများကို သင့်တော်သော အရေးယူမှုများပြုလုပ်ရန် သက်ဆိုင်ရာအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကပြောကြားသည်။
28-Nov-2020
ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ၏ထုတ်ပြန်ထားသော စာရင်းများအရ မြန်မာနိုင်ငံသည် COVID-19 စတင်ကူးစက်ပြန့်ပွားခဲ့သည့် တရုတ်နိုင်ငံ၏အရေအတွက်ထက် ကျော်လွန်ခြင်းမရှိသေးကြောင်းသိရသည်။
25-Nov-2020
မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၂၈ မြို့အနက် ၅ မြို့နယ်မှာ ကိုဗစ်-၁၉ ကူးစက်မှုများပြားနေသည့် အချိန်အခါဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်က ပြောကြားသည်။
24-Nov-2020
လူစုလူဝေးပြုလုပ်ခြင်း၊ Mask မတပ်ခြင်းစသည့် Covid-19 ကာကွယ်ရေးစည်းကမ်းမလိုက်နာသူများကို ခေါ်ယူ၍ လက်ကိုင်အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပေးသည့် လုပ်ငန်းများတွင် လုပ်အားပေးပါဝင်လုပ်ဆောင်စေမည် ဆိုပါက ပိုမိုထိရောက်မည်ဟု ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
24-Nov-2020
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ SPIRITS Fashion Accessories ဆိုင်ရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ခဲ့သည့် ဝန်ထမ်းနှင့်ထိတွေ့မှုအရေအတွက်မှာ ၁၅၄ ဦးအထိရှိကြောင်း ၎င်းဆိုင်ကထုတ်ပြန်ထားသည်။
23-Nov-2020
မန္တလေးဆေးရုံကြီးက ခွဲစိတ်ခန်းတာဝန်ကျဝန်ထမ်းအချို့ ကိုဗစ်ရောဂါကူးစက်ခံရတာကြောင့် ခွဲစိတ်ရမယ့် လူနာတွေကို အရင်ခွဲစိတ်မှုတွေထက်စာရင် လျှော့ပြီး ခွဲစိတ်ရတာမျိုးတွေရှိနေတယ်လို့ လူနာရှင်တွေနဲ့ ဆေးရုံအသိုင်းအဝိုင်းက သိရပါတယ်။
23-Nov-2020
Test & Care ဧရာဝတီစင်တာတွင် မြို့နယ် ၈ ခုအထိ တိုးမြှင့်ကာ ကိုဗစ်-၁၉ ရောဂါလက္ခဏာခံစားနေရသူများကို စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း ၎င်းစင်တာက ထုတ်ပြန်သည်။
22-Nov-2020
မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင် ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံထားရသော်လည်း ကျန်းမာရေးကောင်းမွန်လက်ရှိကြောင်း ကာယကံရှင်က ပြောကြားသည်။ မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဦးစိုင်းပန်းဆိုင်သည် နိုဝင်ဘာလ ၂၁ ရက်နေ့ က ကိုဗစ်-၁၉ရောဂါပိုးရှိမရှိ စစ်ဆေးရာမှာ ရောဂါပိုးတွေ့ခဲ့ခြင်းဖြစ်သည်။
21-Nov-2020
ကလေးတွေကို ညှဉ်းပန်းနှိပ်စက်သည်ဟုဆိုကာ လူစုလူဝေးဖြစ်ပြီး ပဋိပက္ခဖြစ်ခဲ့တဲ့ ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် (၈၇) ရပ်ကွက်က လိုတရရွှေစံလှ ပေါက်စီ နဲ့ မုန့်လုပ်ငန်းက ကလေးလုပ်သား ၁၀ ဦး ကိုဗစ်ပိုးကူးစက်ခံထားရတယ်လို့ ဒဂုံဆိပ်ကမ်းမြို့နယ် ကျန်းမာရေးဦးစီးဌာနက အတည်ပြုပြောပါတယ်။
19-Nov-2020
သဘာဝတရားရိပ်သာ(သန်လျင်)တွင် COVID-19 ပိုးတွေ့လူနာ ၄၃ ဦး ထပ်တိုးသဖြင့် ကူးစက်ခံရသူအရေအတွက် ၄၅၀ ဦးအထိရှိလာပြီဖြစ်ကြောင်း ယင်းရိပ်သာက သတင်းထုတ်ပြန်သည်။
16-Nov-2020
မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ဥက္ကဋ္ဌနဲ့ဦးစီးအရာရှိကလွဲလို့ တိုင်းအဖွဲ့ခွဲရုံးတစ်ခုလုံး တိုင်းစာရင်းစစ်ဝန်ထမ်းကတစ်ဆင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတယ်လို့ တိုင်းကော်မရှင်ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောပါတယ်။