News

04-Apr-2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဆိတ်ဖူးတောင်ကျေးရွာ‌နေ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးသည်။
04-Apr-2020
ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ သာယာဝတီမြို့တွင် ပြည်တော်ပြန်တစ်ဦးမှာ စာင့်ကြည့်စည်းကမ်းနှင့်မညီသဖြင့် တရားစွဲခံရကြောင်း သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်က ပြောကြားသည်။
04-Apr-2020
မန္တလေးတိုင်းဒေသကြီးအတွင်း၌ မရှိမဖြစ်လိုအပ်သော စားသောက်ကုန်များ ရောင်းချနေသည့်လုပ်ငန်းများ၊ စားသောက်ကုန်များ ထုတ်လုပ်သည့်လုပ်ငန်းများ၊ ဆေးဝါးပစ္စည်းအရောင်းဆိုင်များ၊ ဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းများ၊ ပုဂ္ဂလိကဆေးရုံများ၊ စက်သုံးဆီဆိုင်များ၊လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းများ၊ ဘဏ်များ အစရှိသည့်လုပ်ငန်းများမှာ မဖြစ်မနေ ဖွင့်လှစ်ရမည်ဖြစ်ပြီး ဖွင့်လှစ်ခြင်းမပြုပါက ဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရက ဧပြီလ ၄ရက်နေ့တွင် အမိန့်ထုတ်ပြန်လိုက်သည်။
04-Apr-2020
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် ပြည်ပနိုင်ငံမှ ပြန်လာသူများကို စောင့်ကြည့်စောင့်ရှောက်​ရေးစခန်းများတွင် Covid-19 ရောဂါကာကွယ်ရေးနှင့် ကျန်းမာရေးအသုံးအဆောင်ပစ္စည်းများ လိုအပ်နေကြောင်း ယင်းမြို့နယ် ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများထံမှ သိရသည်။
04-Apr-2020
ကိုရိုနာဗိုင်းရပ်စ် (COvid-19) သက်ရောက်မှုကြောင့် လုပ်သားများထိခိုက်မှုအနည်းဆုံးဖြစ်စေရေးအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၁ ခုကို ခွင့်ပြုပေးလိုက်ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။
04-Apr-2020
သင်္ကြန်ကာလရုံးပိတ်ရက်များတွင် နာရေးကိစ္စများမှလွဲ၍ အစိုးရဝန်ထမ်းများအားလုံး ခရီးသွားလာခွင့်မပေးရန် နိုင်ငံတော်သမ္မကတရုံးက ဧပြီ ၄ ရက်က ညွှန်ကြားသည်။
03-Apr-2020
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့တွင် ကိုဗစ် ၁၉ ရောဂါ ကူးစက်ပျံပွားမှု နည်းပါးအောင် ထိန်းချုပ်နိုင်ရန်အတွက် စေတနာရှင် ပြည်သူတချို့နှင့် အရံမီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး ဧပြီ ၃ ရက်က စတင် နေအိမ်အရောက်ငွေချေ ဝန်ဆောင်ခမဲ့စနစ် စတင်လိုက်ကြောင်း မြို့ခံဦးမိုးကျော်က ပြောသည်။
03-Apr-2020
တရုတ်နိုင်ငံ ရွှေလီမြို့မှ မြိုင်မြို့သို့ ပြန်လာသော ၁၄ ရက် စောင့်ကြည့်ခံ တစ်ဦးမှာ ဧပြီ ၂ ရက်တွင် ကိုယ်ပူကာ ဖျားနာသဖြင့် မြိုင်မြို့နယ် ကိုင်းတောမတိုက်နယ်ဆေးရုံတွင် သသံယလူနာတစ်ဦး အဖြစ် သီးခြားထားရှိ ကုသလျက်ရှိသည်ဟု မြိုင်မြို့နယ် ကိုဗစ် ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး မြို့နယ်ကော်မတီ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
03-Apr-2020
ဆေးဝါးနှင့် ဆေးပစ္စည်းများသွင်းကုန်လိုင်စင်လျှောက်ထားမှုကို အပြည့်အဝအွန်လိုင်းစနစ် (Fully Online) ဖြင့် ဆောင်ရွက်နိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနထံမှ သိရသည်။
03-Apr-2020
ကိုရိုနဗိုင်းရပ်စ် (Covid-19) သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသည့်စီးပွားရေးလုပ်ငန်းများကို Covid-19 Fund မှထုတ်ပေးမည့်ချေးငွေလျှောက်ထားခြင်းကို အွန်လိုင်းမှဆောင်ရွက်နိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
03-Apr-2020
ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကြောင့် ဆန်စပါးကဏ္ဍတွင်သက်ရောက်မှုများ အနည်းဆုံးဖြစ်စေရန်နှင့် ပြန်လည်ထူထောင်ဖွံ့ဖြိုးရေးအတွက် အစိုးရထဲအကြံပြုတင်ပြသွားမညါဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြောကြားလိုက်သည်။
03-Apr-2020
၁၅ ဦးမွောကျ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ထားသူအမျိုးသမီးနှင့်ဆက်စပ်သည့် ပေါက်ခေါင်းမြို့နေ မိသားစုဝင် ၄ ဦးတွင်ပါ ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးဌာန ဧပြီ ၂ ရက်က ကြေငြာပြီးနောက် တောင်ငူ- အုတ်တွင်း-ပေါက်ခေါင်းယာဉ်လိုင်း မြားအားလုံး ရပ်နားလိုက်ပြီဖြစ်ကြောင်းဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များထံမှသိရသည်။
02-Apr-2020
မြန်မာနိုင်ငံတွင် ၁၅ ဦးမြောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အင်လျားလိတ်ဟိုတယ် ဆေးခန်းမှဝန်ထမ်းအမျိုးသမီးမှတစ်ဆင့် ခင်ပွန်းဖြစ်သူနှင့် သားတစ်ဦး၊ သမီးတစ်ဦးနှင့် တူမ ဖြစ်သူတို့ပါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
02-Apr-2020
ဧရာဝတီတိုင်းဒေသကြီး မြို့နယ်အားလုံးတွင် မဟာသင်္ကြန်ကျင်းပရေးအတွက် အသုံးပြုရန် ခွင့်ပြုပြီးဖြစ်သည့် ဘတ်ဂျက် ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ကို Covid-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုခွင့် ရရန်အတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
02-Apr-2020
မိုးကုတ်မြို့ မြို့ဝင်ဂိတ်တွင် Covid-19 ရောဂါနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်စဉ် ရန်တွေ့သူလင်မယားနှစ်ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မနှစ်ခုဖြင့် မတ် ၃၁ ရက်ညက အမှုဖွင့် အရေးယူခဲ့ကြောင်း မိုးကုတ်မြို့ပြင် ကြပ်ပြင်ရဲစခန်းထံမှ သိရသည်။