News

05-Apr-2020
COVID-19 ရောဂါ ပြန့်ပွားမှုကိုထိန်းချုပ်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရက တားမြစ်မိန့်ထုတ်လိုက်သော ကာလအတွင်း၌ မိတ္ထီလာခရိုင်အတွင်းရှိ မြို့များသို့ကုန်စည်ဖြန့်ဖြူးရာ အဓိကနေရာဖြစ်သည့် မိတ္ထီလာမြို့မဈေးကြီးအတွင်းမှ ဆေးဝါးနှင့် စားသောက်ကုန် ဆိုင်ခန်း ၆၀၀ ကျော်ကို ပုံမန်အတိုင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်နီလာဝင်းက ပြောကြားသည်။
05-Apr-2020
ပဲခူး ဆေးရုံတွင် ဖျားနာချောင်းဆိုး၊ အသက်ရှူကြပ်သည့် လက္ခဏာများဖြင့် တက်ရောက်ကုသနေရသူ အသက် ၆၃ နှစ်အရွယ် စောင့်ကြည့်လူနာအမျိုးသမီး မှာ ယနေ့ နံနက်က သေဆုံးခဲ့သည်ဟု ပဲခူးဆေးရုံကြီးမှ သတင်းထုတ်ပြန်လိုက်သည်။
05-Apr-2020
COVID-19 ရောဂါ ပြန့်ပွားမှုကိုထိန်းချုပ်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရက တားမြစ်မိန့်ထုတ်လိုက်သော ကာလအတွင်း၌ မိတ္ထီလာခရိုင်အတွင်းရှိ မြို့များသို့ကုန်စည်ဖြန့်ဖြူးရာ အဓိကနေရာဖြစ်သည့် မိတ္ထီလာမြို့မဈေးကြီးအတွင်းမှ ဆေးဝါးနှင့် စားသောက်ကုန် ဆိုင်ခန်း ၆၀၀ ကျော်ကို ပုံမန်အတိုင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်နီလာဝင်းက ပြောကြားသည်။
05-Apr-2020
ဧရာ၀တီတိုင်း ဒေသကြီး ပုသိမ်မြို့ရှိ ရပ်ကွက်အချို့၏ လမ်းအချုိ့ တွင် စားနပ်ရိက္ခာ ပိုလျှံသူများက လိုအပ် သူများကို covid 19 ရောဂါ ကာကွယ်ရေး ထိန်းချုပ် နိုင်ရေး အတွက် အစိုးရ နှင့် ကျန်း မာရေး ၀န်ကြီးဌာန ၏ ညွှန်းကြားချက် များ နှင့်အညီ စနစ် တကျ ဝေမျှပေးနေကြောင်း ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့၀င် များထံက သိရ သည်။
05-Apr-2020
ပဲခူးတိုင်းဒေသကြီး ခရိုင်လေးခုတွင် ဧပြီလ ၄ ရက်နေ့ထိ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူ ၉,၀၀၀ ကျော်ကို သီးခြားစောင့်ကြည့်နေပြီး ရောဂါပိုးတွေ့ရှိသူ ၄ ဦးနှင့် သံသယလူနာ ၁၅ ဦး ရှိကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ထုတ်ပြန်မှုများအရ သိရသည်။
05-Apr-2020
တရုတ်နိုင်ငံနယ်စပ် ရွှေလီမြို့မှပြန်လာသော ၁၄ ရက် စောင့်ကြည့်ခံတစ်ဦး မြိုင်မြို့နယ် ကိုင်းတောမ တိုက်နယ်ဆေးရုံတွင် သီးခြားထားရှိကုသနေလျက်ရှိသည့် သံသယလူနာအမျိုးသား၏ ဓာတ်ခွဲဆေးစစ်ချက်ဖြေမှာ ကိုဗစ် ၁၉ ရောဂါ မတွေ့ရှိကြောင်း မြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်က ပြောကြားသည်။
04-Apr-2020
COVID 19 ကာကွယ်ထိန်းချုပ်ရေးအတွက် ရှမ်းပြည်နယ်အတွင်းခရီးသည်တင်ယာဉ်များနှင့် ကိုယ်ပိုင်ယာဉ်များကို ခရီးသွားလာခွင့်ကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၇)ရက်နေ့မှစ၍ ရက်သတ္တပတ် နှစ်ပတ်တာပိတ်ပင်သွားရန် စီစဉ်နေကြောင်း ရှမ်း​ပြည်နယ် အစိုးရထံမှ သိရသည်။
04-Apr-2020
COVID -19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဝင်ငွေနည်းပါးသော နိုင်ငံသားများအတွက် အစိုးရ က အခြေခံစားသောက်ကုန်များ ထောက်ပံ့နိုင်ရန် ငွေကျပ် ၁ ဘီလီယံ (သန်းတစ်ထောင်) မတည်သုံးစွဲသွားရန် လျာထား ကြောင်း မန္တလေးတိုင်းအစိုးရ အဖွဲ့ထံမှသိရသည်။
04-Apr-2020
ရန်ကုန်အရှေပိုင်းဆေးရုံးကြီးတွင် စောင့်ကြည့်လူနာ အဖြစ်တက်ရောက်နေသော ကူးစက်မှုမြင့်မားသည့် နိုင်ငံသုံး နိုင်ငံမှ ပြန်လာသည့်မြန်မာအမျိုးသမီးတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19)တွေရှိခဲ့ရာ၂၁ဦးမြောက် လူနာဖြစ်လာခဲ့သည်ဟု ဧပြီလ ၄ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်သည်။
04-Apr-2020
မန္တလေးခရိုင်အတွင်းရှိ ဝါဆို ရဟန်း၊သံဃာတော်များနှင့် သီလရှင်များ အတွက် ဆွမ်း၊ဟင်း ကိစ္စရပ်များ အဆင်ပြေစေရန် အတွက် ငွေကျပ် သိန်း ၃၅၀၀ ကျော် တန်ဖိုးရှိသော ဆန်၊ ဆီ၊ ဆား၊ကုလားပဲ တို့ကို လှူဒါန်းပွဲကို မန္တလေးမြို့ မြို့တော်ခန်းမ ၌ ယနေ့ ညနေပိုင်း၌ ပြုလုပ်ခဲ့သည်။ မန္တလေးခရိုင်အတွင်းရှိ ဝါဆို ရဟန်း၊သံဃာတော်များနှင့် သီလရှင်အရေအတွက် ၄၈၃၅၂ ပါးအတွက် COVID-19 ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ရောဂါကူးစက်မှုပုံစံအရ ဆွမ်းခံထွက်ရန် မသင့်လျော်ခြင်းကြောင့် အစိုးရ လှုဒါန်းခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင် က ရှင်းပြသည်။
04-Apr-2020
အရစ်ကျစနစ်ဖြင့် အိမ်ရာချေးငွေ ဝယ်ယူသူများကို COVID-19 ကြောင့် သုံးလ အရင်းပြန်လည်ပေးဆပ်ရန် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း AYA ဘဏ်ထံမှ သိရသည်။
04-Apr-2020
ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးနှင့် ကုသရေးအတွက် တစ်ပတ်အတွင်း တပ်ဆင်အသုံးပြုနိုင်သည့် Modular House များ တည်ဆောက်ခြင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်း စတင်တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
04-Apr-2020
ရန်ကုန်တိုင်းဒေသကြီး၌ သင်္ကြန်ရုံးပိတ်ရက်များအတွင် ဧပြီလ ၁၀ ရက်နေ့ မှ ၁၉ ရက်အထိ ကျန်းမာရေးကိစ္စ၊ အစားအသောက်ဝယ်ယူခြင်းမှအပ မလိုအပ်ဘဲ အိမ်ပြင်ထွက်ခြင်းများ မပြုလုပ်ဘဲ မိမိနေအိမ်တွင်နေရန် ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီက ညွန့်ကြားစာထုတ်ပြန်လိုက်သည်။
04-Apr-2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ လှော်ကထားကျေးရွာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် စောင့်ကြည့်​စောင့်ရှောက်ရေးစခန်းမှ ထွက်ပြေးခဲ့သူ အမျိုးသားတစ်ဦးကို လေးမျက်နှာမြို့နယ်တရားရုံးက ဧပြီလ ၂ ရက်နေ့၌ အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
04-Apr-2020
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် UNDP တို့ပူးပေါင်း၍ Covid-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများကို Covid-19 Fund မှ အတိုးနှုန်း ၁ ရာခိုင်နှုန်း ချေးငွေလျှောက်ထားရာတွင် ဖြည့်စွက်ရမည့်လျှောက်လွှာနှင့်ပတ်သက်၍ အခမဲ့အကြံဉာဏ်များ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။