POST TYPE
COVID 19
ပြည်အကျဉ်းထောင်မှ Negative ထွက်ထားသည့် အကျဉ်းသား ၁၈ ဦး ကိုဗစ်ပိုးတွေ့
29-Jan-2021

ပြည်၊ ဇန်နဝါရီ ၂၉
ပြည်မြို့အကျဉ်းထောင်က Negative ထွက်ပြီးသား အကျဉ်းသားတွေထဲက ၁၈ ဦးမှာ ကိုဗစ်ပိုးရှိကြောင်းကို ထပ်မံစစ်ဆေးတွေ့ရှိရတယ်လို့ သိရပါတယ်။
အကျဉ်းသား ၁၈ ဦးမှာ ကိုဗစ်ပိုးရှိကြောင်းကို ဇန်နဝါရီလ ၂၈ ရက်နေ့မှာ သိရှိခဲ့ရတာဖြစ်ပြီး၊ သူတို့ဟာ ပထမအကြိမ် ဆေးစစ်မှုမှာ Negative ထွက်ရှိထားတာဖြစ်ပါတယ်။
ဒုတိယအကြိမ် ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနကို ပေးပို့စစ်ဆေးတဲ့အခါမှာတော့ ကိုဗစ်ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
"ပြည်အကျေဉ်းထောင်က ပထမပိုးတွေ့တဲ့အသုတ်က Test Kit နဲ့စစ်တာ။ အဲ့ဒါကို ဒုတိယအသုတ် ရန်ကုန်ကိုပို့ပြီးစစ်တော့ positive ထွက်တာပါ"လို့ ပြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကေခိုင်ဝင်းကပြောပါတယ်။
ဒါကြောင့် ပြည်အကျဉ်းထောင်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတဲ့ အကျဉ်းသား ၃၉ ဦးရှိနေပြီး ကိုဗစ်ကူးစက်ခံရတဲ့ အကျဉ်းထောင်ဝန်ထမ်း ၄၀ ဦး ရှိနေပြီဖြစ်ပါတယ်။
လက်ရှိမှာတော့ ကိုဗစ်ပိုးတွေ့တဲ့ အကျဉ်းသား ၃၉ ဦးထဲက အကျဉ်းသားသုံးဦးနဲ့ အကျဉ်း ထောင်ဝန်ထမ်းတစ်ဦးကို ပြည်ခုတင် ၅၀၀ ဆေးရုံကြီးမှာ ကုသမှုပေးနေပြီး ကျန်တဲ့အကျဉ်းသား ၃၆ ဦးကိုတော့အကျဉ်းထောင်ထဲမှာပဲ သီးခြားထားရှိကာ ကျန်းမာရေးကုသမှုပေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့က ပြည်ကုတင် ၅၀၀ ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသမှုခံယူခဲ့တဲ့ ပြည်အကျဉ်းထောင်ထဲကအချုပ်သားနှစ်ဦးမှာ ကိုဗစ် ၁၉ ပိုးစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ပြည်အကျဉ်းထောင်ကိုတော့ အရင်အချုပ်သားနှစ်ဦး ကိုဗစ်ရောဂါပိုးတွေ့ကတည်းက အသွားအလာကန့်သတ်ထားတာလည်း ဖြစ်ပါတယ်။
သိင်္ဂီထွန်း(VOM)
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
01-Mar-2021