News

POST TYPE

COVID 19

ဦးစိုင်းမျိုးဝင်း (EFD Group) မှ COVID-19 ကာကွယ်ဆေးဝယ်ယူရန် ကျပ်သိန်းပေါင်း ၁၀,၀၀၀ ထပ်မံလှူဒါန်း
27-Jan-2021


ရန်ကုန်၊ ဇန်နဝါရီ ၂၇

Excellent Fortune Development Group (EFD Group) ဥက္ကဋ္ဌဦးစိုင်းမျိုးဝင်းသည် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံတော်၏ COVID-19 ကာကွယ်ဆေးဝယ်ယူရေးလုပ်ငန်းတွင် အသုံးပြုရန်အတွက် ကျပ်သိန်းပေါင်း ၁၀,၀၀၀ ထပ်မံလှူဒါန်းလိုက်ကြောင်း သိရသည်။



Excellent Fortune Development Group (EFD Group) ဖြင့် ငွေကျပ် ၅ဝဝ,ဝဝဝ,ဝဝဝိ- (ကျပ်သိန်းငါးထောင်တိတိ) ကိုလည်းကောင်း၊ Farmers Development Public Bank ( FDB Bank )ဖြင့် ငွေကျပ် ၃ဝဝ,ဝဝဝ,ဝဝဝိ- (ကျပ်သိန်းသုံးထောင်တိတိ) ကိုလည်းကောင်း၊ Excellent Fortune Life Insuance (EFIL) ဖြင့် ငွေကျပ် ၁ဝဝ,ဝဝဝ,ဝဝဝိ- (ကျပ်သိန်းတစ်ထောင်တိတိ) ကိုလည်းကောင်း၊ Excellent Fortune General Insuance (EFIG) ဖြင့် ငွေကျပ် ၁ဝဝ,ဝဝဝ,ဝဝဝိ- (ကျပ်သိန်းတစ်ထောင်တိတိ) ကိုလည်းကောင်း၊ စုစုပေါင်းငွေကျပ် ၁,ဝဝဝ,ဝဝဝ,ဝဝဝိ- ကျပ်သိန်းပေါင်းတစ်သောင်းတိတိ (1 - Billion Kyats) ကို နိုင်ငံတော်သို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

အလှူငွေလှူဒါန်းခြင်းကို ရန်ကုန်တိုင်းဒေကြီးအစိုးရအဖွဲ့ရုံးတွင်ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတက်ရောက်လက်ခံခဲ့ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့ပြင် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဦးစိုင်းမျိုးဝင်းနှင့်ဇနီး အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဒေါ်နန်းခင်မြင့်ရီ မိသားစုသည် Excellent Fortune Foundation ( EFF Foundation ) အမည်ဖြင့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူထုအကျိုးပြုလုပ်ငန်းများကို ပါဝင်လှူဒါန်းခြင်းများအပြင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် Fortune Plaza We Love Yangon Happy COVID Center ဆေးရုံကိုလည်း နိုင်ငံတော်သို့ လှူဒါန်းထားကြောင်း သိရသည်။

S-07