News

POST TYPE

COVID 19

ကိုဗစ်ကပ်ရောဂါကြားက ကျန်းမာတဲ့ဝန်ထမ်း
18-Jan-2021


လူသားများသက်တမ်းစေ့နေထိုင် နိုင်ရန်အတွက် အာဟာရပြည့်ဝဖို့ လိုအပ် ပါတယ်။ ကိုဗစ်ဟူသော အခက်အခဲ၊ အကြပ်အတည်းကာလမှာ အာဟာရ ပြည့်ဝဖို့၊ဗိုက်ဝစေဖို့ တစ်နေ့စာတစ်နေ့ ဖြေရှင်းကြရသူတွေအများကြီး။ အပြင် မထွက်ဖို့ သတိပေးထားပေမယ့်ရောဂါပိုး ထက်ဝမ်းစာက အရေးကြီးလေတော့ လမ်းထွက်ကြ၊ အလုပ်သွားကြရမှာပါ။အချို့ကား ကိုယ်နဲ့ဆိုင်တဲ့ရုံးခန်း၊ အချို့က ကိုယ်နဲ့သက်ဆိုင်တဲ့စက်ရုံ၊ အချို့က ရပ်ကွက်ထဲမှာပဲ ဖိနပ်ပါးအောင်လမ်းလျှောက် ဈေးရောင်းကြရတယ်စသည်ဖြင့်စုံလို့။ ဘာပဲဖြစ်ဖြစ် ကပ်ရောဂါကြားမှာ ကျန်းမာတဲ့ ဝန်ထမ်းဖြစ်နေဖို့လိုပါတယ်။

ဒါ့ကြောင့်ကိုဗစ်ကာလ၊ ကပ်ဘေး ကာလမှာကျန်းမာတဲ့ ဝန်ထမ်းဖြစ်ဖို့ မဖြစ်မနေ ပြုလုပ်ရမယ့်အရာတွေကို မျှဝေပေးချင်ပါတယ်။

   * အလုပ်ခွင်ကိုရောက်တာနဲ့ လက်ဆေး ခြင်းကို ဦးစွာလုပ်ပါ

အလုပ်ခွင်ကိုရောက်ပြီဆိုတာနဲ့ ဦးစွာ လက်ဆေးဖို့လိုပါတယ်။လက်ဆေး တဲ့နေရာမှာလည်း စက္ကန့် ၂၀ ကြာတဲ့ အထိ ဆေးကြောပေးဖို့လိုပါတယ်။

   * ကိုယ်နဲ့အတူ ပါလာတာတွေကို ပိုးသတ်ပေးပါ။

ကိုယ်နဲ့အတူပါလာတဲ့ ပစ္စည်းတွေကို အရက်ပြန်သုတ်ထားတဲ့ဝါဂွမ်းနဲ့ပွတ် ပေးဖို့ လိုပါတယ်။ ဥပမာ-လက်ကိုင်အိတ်၊ လက်ကိုင်ဖုန်းစသည်ဖြင့် . . .

   * မိမိထိုင်မယ့်နေရာကို ပိုးသတ်ပေးပါ

မိမိထိုင်မယ့်နေရာကို ဂရုတစိုက် ပိုးသတ်ပေးဖို့လိုပါတယ်။ စားပွဲပေါ်ရှိ ပစ္စည်းတွေကိုပါ သန့်စင်ပေးဖို့လိုတာကို  မမေ့စေချင်ဘူး။ စားပွဲပေါ်က ကော်ဖီခွက်ကအစ သီးသန့်ထားထားဖို့ လိုပါတယ်။ အရင်အချိန်တွေကလို မိတ်ဆွေတွေနဲ့  ကော်ဖီတစ်ခွက်တည်း သောက်တာတွေ ကိုပါ မလုပ်သင့်ပါဘူး။

   * ပိုးသတ်ပြီးတိုင်း မိမိလက်ကို ပြန် စစ်ပေးပါ။

ပစ္စည်းတစ်ခုခုကိုပိုးသတ်ပြီးတိုင်း၊ သန့်စင်ပြီးတဲ့အခါတိုင်း မိမိလက်ကိုလည်း  ဆေးကြောဖို့လိုတာကို မမေ့စေချင်ဘူး။ မိမိမျက်နှာကို လက်နဲ့မကြာခဏကိုင်ခြင်း မျိုးမဖြစ်စေဖို့ဂရုပြုရပါမယ်။

   * စကားတွေနီးကပ်စွာ ပြောတာကို ရှောင်ပါ

အရင်အချိန်တွေလို တစ်ယောက် နဲ့ တစ်ယောက်ရင်းရင်းနီးနီး စကားတွေ ပြော၊ ရယ်မောတာတွေကိုရှောင်ကြဉ် သင့် ပါတယ်။

   * လက်ဆွဲနှုတ်ဆက်တာကိုလည်း ရှောင်ပါ။

အလုပ်မှာ တစ်ယောက်နဲ့ တစ် ယောက် ယဉ်ကျေးမှုအရ လက်ဆွဲနှုတ်ဆက်  တာမျိုးကိုလည်း ရှောင်ကြဉ်ပါ။ လက်  ဆွဲနှုတ်ဆက်မယ့်အစား ပြုံးပြပြီးနှုတ်ဆက် တာမျိုး ပြုလုပ်ပေးလိုက်ပါ။

   * နှာခေါင်းစည်းတွေကို တပ်ထားပါ

အလုပ်ကိုရောက်ပြီဆိုပြီး နှာခေါင်း စည်းကို ချွတ်ပစ်တာမျိုးမပြုလုပ်သင့်ပါ။ နှာခေါင်းစည်းကို စနစ်တကျတပ် ဆင် ထားဖို့လိုပါတယ်။ အသုံးပြုပြီးသော နှာ ခေါင်းစည်းတွေကိုလည်း စနစ်တကျ စွန့် ပစ်ဖို့ကိုလည်း ဂရုပြုသင့်ပါတယ်။လက် သန့်ဆေးရည်တွေကို ကိုယ်နဲ့မကွာ ဆောင်ထားသင့်ပါတယ်။

   * နေထိုင်မကောင်းဖြစ်နေပါက ကောင်းမွန်စွာအနားယူပါ

နှာစေးချောင်းဆိုးဖြစ်တဲ့အခါ နှာ ခေါင်းနဲ့ပါးစပ်ကို တစ်သျှူးစနဲ့အုပ်ပြီး ဆိုးသင့်ပါတယ်။ အသုံးပြုပြီးတစ်သျှူးတွေ ကိုလည်း စနစ်တကျစွန့်ပစ်ဖို့ လိုအပ်ပါ တယ်။

   * အလုပ်ကနေ အိမ်ပြန်တဲ့အခါ အိမ်ထဲမဝင်ခင်ကိုယ့်ရဲ့ပစ္စည်းတွေ ကို ပိုးသတ်ပေးပါ။

အပြင်ကစီးလာတဲ့ ဖိနပ်ကိုလည်း အိမ်ခန်းအပြင်ဘက်မှာ ထားခဲ့ပါ။ အလုပ် မှာဝတ်ခဲ့တဲ့ အဝတ်အစားတွေကို သီးသန့် ခွဲထားပြီး ဆပ်ပြာနဲ့စိမ်ထားသင့်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အလုပ် ကပြန်ပြန်လာချင်းရေချိုးလိုက်ပါ။ ကိုယ်က အလုပ်ကိုအမြဲသွားနေရသူဆို ကိုယ့်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းတွေ ကိုလည်း သီးသန့်ခွဲခြားထားသင့်ပါတယ်။အဓိကကတော့ အခက်အခဲအကြပ် အတည်းကာလမှာ အာဟာရပြည့်ဝ အောင်စားရမယ်။ အိပ်ရေးဝ၀လည်း အိပ် မယ်၊ အိမ်အပြင်ထွက်လိုက်တာနဲ့ ရောဂါ ကာကွယ်တဲ့အရာတွေကို စနစ်တကျ ကျင့်သုံးသွားမယ်ဆို ကိုဗစ်ဆိုတဲ့ ကပ်ဘေးရန်က ကာကွယ်နိုင်မယ်၊ ကျန်းမာတဲ့ ဝန်ထမ်းလည်းဖြစ်မယ်။