News

POST TYPE

COVID 19

ကပ်ရောဂါကာလ မဖြစ်မနေခရီးသွားရမယ်ဆိုရင်
18-Jan-2021


ကိုဗစ်ကပ်ရောဂါကာလကြီးထဲမှာ ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် မော်တော်ယာဉ်လိုင်းတွေ၊ မီးရထားတွေပြေးဆွဲမှုရပ်ဆိုင်းထားပြီး ဖြစ်နိုင်ရင်ခရီးမသွားကြဖို့ သက်ဆိုင်ရာကျန်းမာရေးအာဏာပိုင်တွေက ညွှန်ကြားထားတယ်ဆိုပေမယ့်လည်း မိသားစုတွေ၊ ဆွေမျိုးသားချင်းတွေရဲ့ သာရေး-နာရေးကိစ္စကြောင့် မဖြစ်မနေခရီးသွားလာကြရတာတွေရှိပါတယ်။ 

‘ရောဂါပိုးကူးစက်မှုမှကင်းဝေးစေရန် နေ့စဉ်လူမှု့ဘဝမှာခပ်ခွာခွာနေကြပါစို့' ဟုတိုက်တွန်းထားသော်လည်း မဖြစ် မနေလုပ်ရမည့်လူမှုကိစ္စများပြုလုပ်ရန် ခရီးသွားကြရတယ်။ခရီးသွားသည်ဆိုရာမှာ ခရီးတိုးဖြစ်နိုင်သကဲ့သို့ခ ရီးရှည်လည်းဖြစ်နိုင်ပါတယ်။ကပ်ရောဂါကာလ မဖြစ်မနေခရီးသွားရမယ်ဆိုရင် ဦးစွာသက်ဆိုင်ရာနေရာများဆီမှ ပိုးရှိမရှိစစ်ဆေးမှုအဖြေကိုတိတိကျကျခံယူရမယ်။ 

လုပ်စရာကိစ္စအ၀၀ ပြုလုပ်ပြီးတာနဲ့ကားတို့၊လေယာဉ်တို့စီး တဲ့အခါသတ်မှတ်ထားတဲ့အခါ စည်းကမ်းတွေကို သိရှိထားဖို့လိုပါတယ်။ ကိုယ်သွားရောက်မယ့် နိုင်ငံတွေ၊ မြို့တွေ၊ ဒေသတွေမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကန့်သတ်ချက်တွေကို မသွားခင်ကတည်းက ကြိုတင်စုံစမ်းလေ့လာထားရပါမယ်။ 

လေယာဉ်ပေါ်၊ ကားပေါ် သို့မဟုတ် ရထားပေါ် မတက်မီမှာလည်း နှာခေါင်းစည်းများတပ်ဆင်ထားခြင်း၊မိမိတို့၏လက်ကိုဆပ်ပြာဖြင့် ပြောင်စင်အောင် ဆေးကြောခြင်း၊အပူချိန်တိုင်းတာခြင်းများပြုလုပ်ထားသင့်တယ်။မိမိတို့ပေးချေးရမည့်ပိုက်ဆံများကိုလက်ဗလာ ဖြင့်ကိုင်ဆောင်ခြင်းထက် လက်အိတ်ဖြင့်ကိုင်ဆောင်ခြင်းပြုလုပ်သင့်တယ်။ 

တစ်ကိုယ်ရေအတွက် လိုအပ်တဲ့ဆေးဝါးတွေ၊ အားဆေးတွေဆောင်သွားသင့်သလို Mask တွေနဲ့ လက်သန့်ဆေးရည်ဘူးတွေလည်း ခရီးစဉ်သတ်မှတ်ရက်ထက် အပိုဆောင်းပြီးထည့်သွားသင့်ပါတယ်။ ခရီးမသွားလာနေစဉ် နာမကျန်းမဖြစ်စေဖို့ ကိုယ်ခံအားကောင်းအောင်နေထိုင်စားသောက်ဖို့လည်းအရေးကြီးပါတယ်။ 

ကားမောင်းသူများအနေဖြင့်မိမိတို့ကားမထွက်ခင် ကားတစ်စီးလုံးကိုပိုးသတ်ထားသင့်တယ်။အထူးအား ဖြင့်လူအများစုထိတွေ့မှုများသောကားတံခါး၊တံခါးလက်ကိုင်၊လက်ကိုင်ကွင်းတို့ကိုပိုးသတ်ထားသင့်တယ်။ရောဂါပိုးရှိသူနှာချေချောင်းဆိုးရာမှ ထွက်ကျလာသောအမှုန်အစက်များသည်ယင်းပစ္စည်းများပေါ် တွင်တင်ကျန် နေနိုင်တယ်။

ကားပေါ်တွင်သတ်မှတ်ထားသောခရီးသည်လူဦးရေထက်တင်ဆောင်ခြင်းကိုတတ်နိင်သမျှ ရှောင်ကြဉ်ဖို့လိုအပ်တယ်။လေယာဉ်စီးတဲ့အခါမှာလည်း လိုအပ်တဲ့ကာကွယ်ရေးဝတ်စုံတွေကို စနစ်တကျဝတ် ဆင်ထားဖို့လိုတယ်။ယာဉ်ပေါ်ကဆင်းတဲ့အခါမှာလည်း ကာကွယ်ရေးစနစ်တွေလိုက်နာဖို့လိုတာကို မေ့သွားဖို့ မဖြစ်ပါဘူး။အထက်ကအချက်တွေကိုသေချာလိုက်နာမယ်ဆိုရင် ကိုဗစ်ကာလဘေးကင်းကင်းနဲ့ခရီးနှင်နိုင်မှာ ဖြစ်ပါတယ်။