News

POST TYPE

COVID 19

ကာကွယ်ဆေးမထိုးမီ ကိုယ်ခံအားကောင်းစေဖို့
16-Jan-2021


မကြာမီအချိန်မှာ ကိုဗစ်ကာကွယ်ဆေးကာကွယ်ဆေးထိုးခွင့်ရတော့မှာဖြစ်တယ်။အဲ့သည့်လိုကာကွယ်ဆေး မထိုးမီမှာ ကိုယ်ခံအားစနစ်ကောင်းနေဖို့လိုပါတယ်။ ကိုယ်ခံအားစနစ်ဆိုသည်မှာလူတစ်ယောက်တွင် ရောဂါ ပိုးမွှားများဝင်ရောက်လာလျှင်ခုခံတိုက်ဖျက်ပေးခြင်းဖြစ်ပါတယ်။ခုခံအားစနစ်ကောင်းမွန်စွာအလုပ်လုပ်နေမှ ပြင်ပမှဝင်ရောက်လာတတ်သောဗက်တီးရီးယားများ၊ဗိုင်းရပ်စ်ပိုးများ၊ကပ်ပါးကောင်များ၏ခန္ဓာကိုယ်အတွင်း ရှိတစ်သျှူးများကိုတိုက်ခိုက်ဖျက်ဆီးကာ ရောဂါဖြစ်နိုင်သည့်အန္တရာယ်များမှကာကွယ်ပေးနိုင်မှာဖြစ်တယ်။



ကိုယ်ခံအားကောင်းနေပါက ရောဂါပိုးများမကူးစက်နိုင်အောင်ကာကွယ်ပေးနိုင်ပြီး ရောဂါပိုးများဝင်ရောက်လာ ပါကလည်းတိုက်ထုတ်ဖျက်ဆီးနိုင်စွမ်းရှိတယ်။ကိုယ်ခံအားနည်းနေပြီဆိုလျှင်ရောဂါပိုးများအလွယ်တကူဝင် ရောက်နိုင်မယ်။ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေသည့်အစားအစာတွေကို ရွေးချယ်ဖော်ပြပေးလိုပါတယ်။

ဗီတာမင်စီကြွယ်ဝသောအသီးအနှံများဖြစ်တဲ့ရှောက်သီး၊သံပုရာသီ၊လိမ္မော်သီးတို့ကလည်းကိုယ်ခံအားကောင်း စေတဲ့အသီးအနှံတွေထဲမှာပါတယ်။ဗီတာမင်စီကကိုယ်ခံစွမ်းအားကိုတိုးပွားစေပြီး ရောဂါပိုးမွှားများကိုတိုက် ခိုက်ရာမှာ ကူညီပေးတယ်။ကိုယ်ခံအားကောင်းစေသောလတ်ဆတ်သောအသားငါးတို့မှ ဥပမာပေးရမည် ဆိုပါလျှင် ကြက်စွပ်ပြုတ်ကို ညွှန်းရပါလိမ့်မယ်။ကြက်သားမှာအအေးမိခြင်း၊ဖျားနာခြင်းများအတွက် ကိုယ်ခံအား စနစ်ကိုကောင်းမွန်စေသော ပရိုတင်းဓာတ်၊ အမိုင်နိုအက်ဆစ်တို့ပါဝင်တယ်။
မီးဖိုချောင်သုံးဟင်းခတ်အမွှေးအကြိုင်များထဲမှကိုယ်ခံအားမြင့်မားစေသောအရာကိုညွှန်းရမည်ဆိုပါလျှင်ချင်း၊ ကြက်သွန်ဖြူ၊ကြက်သွန်နီတို့ပါဝင်ပါမယ်။ကြက်သွန်ဖြူက ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်ပြီး ရောဂါပိုး မွှားများဝင်ရောက်ခြင်း၊အအေးမိဖျားနာခြင်းတို့ကိုလျော့နည်းစေပါတယ်။ကိုယ်ခံအားကောင်းစေသောကြက် သွန်နီနှင့်ပတ်သက်၍သိပ္ပံနှင့်သုတေသနတွေ့ရှိချက်များမှာ ရေဖြင့်ပြုလုပ်ထားသောကြက်သွန်နီ အနှစ်ထုတ် ရည်သည်ဘက်တီးရီးယားပိုးမွှားများဖြစ်သောE.Coli;Salmonella; Streptococcusနှင့် Lactobacillus တို့ပေါက်ဖွားမှုကိုဟန့်တား ပေးနိုင်စွမ်းရှိကြောင်းတွေ့ရတယ်။
ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေတဲ့ဟင်းသီးနှံများကိုလည်းဝေမျှပေးလိုပါတယ်။ကိုယ်ခံအားစနစ်မြင့်စေ သောဟင်းသီးနှံများမှာပန်းဂေါ်ဖီစိမ်း၊ကိုက်လန်၊မုန်ညှင်းစသည်တို့ပါဝင်မယ်။ဥပမာ။ပန်းဂေါ်ဖီစိမ်းတွင်ဗီတာမင် အေ၊စီ၊အီးနှင့်အင်တီအောက်စီဒင့်များပါဝင်ခြင်းကြောင့်ရောဂါပိုးမွှားများကိုတိုက်ခိုက်ပေးနိုင်သောခုခံအား စနစ်၊ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေတယ်။

ကျွန်မတို့ကိုယ်ခံအားကောင်းနေစေဖို့ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ပေးနေဖို့လိုပါတယ်။ဆေးလိပ် သောက်ခြင်း၊အိပ်ရေးပျက်ခံခြင်း၊ရေသောက်နည်းခြင်းစေသောကိုယ်ခံအားပျက်စီးစေတဲ့ အကျင့်တွေကိုလည်း ကျောခိုင်းထားသင့်ပါတယ်။ဘာပဲဖြစ်ဖြစ် ကာကွယ်ဆေးမထိုးမီအချိန်မှာ ကိုယ်ခံအားကောင်းနေဖို့မိမိတို့ ကျန်းမာရေးကိုဂရုပြုနေထိုင်ကြရအောင်လား။