News

POST TYPE

COVID 19

ကိုဗစ်ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများနှင့် ၆၅ နှစ်အထက် ပြည်သူများအား ပထမဦးစားပေးအဖြစ် ထိုးနှံရန်လျာထား
15-Jan-2021
ရန်ကုန်၊ ဇန်နဝါရီ ၁၄ 

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်းမာရေးဝန်ထမ်းများနှင့် အသက် ၆၅ နှစ်အထက် ပြည်သူများအား ပထမဦးစားပေး လူအုပ်စုအဖြစ် ရွေးချယ်သတ်မှတ်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီးအား တင်ပြခဲ့သည်။ 

COVID-19 ကာကွယ်ဆေး ရရှိလာနိုင်မှုအခြေအနေ အမျိုးမျိုးအပေါ် မူတည်၍ စနစ်တကျ ခွဲဝေထိုးနှံနိုင်ရေး သဏ္ဌာန်တူ စားပွဲတင် လေ့ကျင့် ကြိုတင်ပြင်ဆင်ခြင်အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးအား တင်ပြပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ယင်းအခမ်းအနားကို အသုတ်လိုက်ရရှိလာမည့် COVID-19 ကာကွယ်ဆေး တစ်ကြိမ်တွင် ရရှိမည့် ပမာဏ၊ အချိန်အပိုင်းအခြားအလိုက် ရရှိမည့် အပေါ်ရရှိလာမည့် ကာကွယ်ဆေး အမျိုးအစားပေါ်၌လည်းကောင်း အခြေအနေအမျိုးမျိုးအတွက် သဏ္ဌာန်တူ စားပွဲတင်လေ့ကျင့်ခန်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

အလွန်အမင်းအေးသော အအေးလမ်းကြောင်းသိုလှောင်မှု (အနုတ် ၇၀ ဒီဂရီစင်တီဂရိတ်) (ultra-cold chain storage) လိုအပ်သည့် COVID-19 ကာကွယ်ဆေးအမျိုးအစား ရရှိပါက အအေးလမ်းကြောင်းမပျက်စေဘဲ ထိုးနှံမည့်နေရာသို့ အမြန်ဆုံးသယ်ယူပို့ဆောင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ သိုလှောင်ဖြန့်ဖြူးမည့် အခြေအနေနှင့် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်တို့ကိုပါ တင်ပြခဲ့သည်။ 

COVID-19 ကာကွယ်ဆေးထိုး လုပ်ငန်း သဏ္ဌာန်တူစားပွဲတင် လေ့ကျင့်ခန်းကို ကြိုတင်လုပ်ဆောင်ထားသော်ငြားလည်း ဖြစ်ပေါ်ပြောင်းလဲလာမည့် အခြေအနေအရပ်ရပ်ကို ကြိုတင်မသိရှိနိုင်သည့်အတွက် ကာကွယ်ဆေးထိုးနှံနေသည့် အချိန်ကာလ၌ပင် မိမိတို့သည် လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အမြဲတမ်း မျက်ခြည်မပြတ် သုံးသပ်၍ မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှု ကော်မတီ (CNCC) သို့ ချက်ချင်းသတင်းပို့ ရမည်ဖြစ်ပြီး ကော်မတီမှလည်း ချက်ချင်း တုံ့ပြန်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြန်လည်ပြောဆိုခဲ့သည်။ 

COVID-19 ကာကွယ်ဆေးသည် ကာကွယ်ဆေးအသစ် ဖြစ်သည့်အပြင် ထုတ်လုပ်မှုနည်းပညာမှာလည်း အသစ်ဖြစ်သည့်အတွက် ကာကွယ်ဆေးထိုးနှံပြီး နောက်ဆက်တွဲဖြစ်ရပ်များ (Adverse event following immunization) ကို အထူးသတိပြု စောင့်ကြပ်ကြည့်ရှုရမည်ဖြစ်သည်။ 

S-09