News

POST TYPE

COVID 19

ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ရန် အစိုးရက ပြည်တွင်း၊ ပြည်ပဘဏ်စာရင်းနှစ်ခုဖွင့်
07-Jan-2021
ရန်ကုန်၊ ဇန်နဝါရီ ၆

ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန်အတွက် အစိုးရက ပြည်ပအလှူရှင်များနှင့် ပြည်တွင်းအလှူရှင်များအတွက် ဘဏ်စာရင်းနှစ်ခုကို ဖွင့်လှစ်လိုက်ပြီး အဆိုပါဘဏ်စာရင်းများတွင် မတည်ရန်ပုံငွေများ ထည့်သွင်းထားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ကြေညာသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ (နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012) ၎င်းစာရင်းတွင် နိုင်ငံတော်က မတည်ရန်ပုံငွေ ကျပ် ၂၂၃ ဘီလီယံနှင့် ညီမျှသော အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကို စတင်ထည့်သွင်းပေးထားမည်ဖြစ်သည်။

ယင်းအပြင် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (မြန်မာကျပ်ငွေစာရင်းအမှတ် OA 012733) ကို ဖွင့်လှစ်ထားပြီး ၎င်းစာရင်းတွင် နိုင်ငံတော်မှ မတည်ရန်ပုံငွေ ကျပ်သန်း ၁၀ဝ၀ ကို စတင်ထည့်သွင်းထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အတွက်ကြောင့် ကာကွယ်ဆေးဝယ်ယူရေးအတွက် ပြည်တွင်း။ပြည်ပမှ ပါဝင်လှူဒါန်းလိုကြသော ပြည်သူများ၊ အဖွဲ့အစည်းများအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်) ရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ (မြန်မာကျပ်ငွေ စာရင်းအမှတ်  OA
012733) သို့ မည်သည့်နိုင်ငံခြားငွေ အမျိုးအစားကိုမဆို ထည့်ဝင်လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။

ယင်းအပြင် (မြန်မာကျပ်ငွေ စာရင်းအမှတ်  OA 012733) သို့ မြန်မာကျပ်ငွေဖြင့် ထည့်ဝင်လှူဒါန်းနိုင်ပြီး လှူဒါန်းလိုသူများအနေဖြင့် ညွှန်ကြားရေးမှူးချုပ် ဝ၆၇ ၃၄၁၀၁၅၆၊ ငွေတိုက်ဦးစီးဌာန ဝ၆၇၃၄၁၀၁၅၈ တို့ကို ဆက်သွယ် လှူဒါန်းနိုင်မည်ဖြစ်သည်။

အစိုးရက ဘဏ်စာရင်း ဖွင့်လှစ်ပြီးသည်နှင့် တစ်ပြိုင်နက် ဧဒင်အုပ်စု၊ မြန်မာ့အရှေ့ဘဏ်၊ Denko ၊ Gold Delta ဥက္ကဋ္ဌ ဦးချစ်ခိုင်က မွေးနေ့အလှူအဖြစ် ကိုဗစ်ကာကွယ်ဆေးဝယ်ယူရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းကို ထည့်ဝင်လှူဒါန်းခဲ့သည်။

S-09