News

POST TYPE

COVID 19

ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ရန် အစိုးရက ပြည်တွင်း၊ပြည်ပဘဏ်စာရင်းနှစ်ခုဖွင့်
06-Jan-2021


ရန်ကုန်၊ဒီဇင်ဘာ ၆

ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန်အတွက် အစိုးရကပြည်ပအလှူရှင်များနှင့်ပြည်တွင်းအလှူရှင်များအတွက် ဘဏ်စာရင်းနှစ်ခုကိုဖွင့်လှစ်လိုက်ပြီး အဆိုပါဘဏ်စာရင်းများတွင် မတည်ရန်ပုံငွေများထည့်သွင်းထားမည်ဖြစ်ကြောင်း စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနက ကြေညာသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ(နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012) ၎င်းစာရင်းတွင် နိုင်ငံတော်မှ မတည်ရန်ပုံငွေ ကျပ် ၂၂၃ ဘီလီယံနှင့်ညီမျှသော အမေရိကန်ဒေါ်လာသန်း၂၅၀ ကိုစတင်ထည့်သွင်းပေးထားမည်ဖြစ်သည်။

ယင်းအပြင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ(မြန်မာကျပ်ငွေစာရင်းအမှတ် OA 012733) ကိုဖွင့်လှစ်ထားပြီး ၎င်းစာရင်းတွင်နိုင်ငံတော်မှ မတည်ရန်ပုံငွေ ကျပ် သန်း ၁၀၀၀ ကိုစတင်ထည့်သွင်းထားကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

ထို့အတွက်ကြောင့် ကာကွယ်ဆေးဝယ်ယူရေးအတွက် ပြည်တွင်း/ပြည်ပမှပါဝင်လှူဒါန်းလိုကြသော ပြည်သူများ၊အဖွဲ့အစည်းများအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)ရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (မြန်မာကျပ်ငွေစာရင်းအမှတ် OA 012733) သို့ မည်သည့် နိုင်ငံခြားငွေအမျိုးအစားကိုမဆို ထည့်ဝင်လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။

ယင်းအပြင် (မြန်မာကျပ်ငွေစာရင်းအမှတ် OA 012733) သို့ မြန်မာကျပ်ငွေဖြင့် ထည့်ဝင်လှူဒါန်းနိုင်ပြီး လှူဒါန်းလိုသူများအနေဖြင့် ညွှန်ကြားရေးမှူးချုပ် ၀၆၇ ၃၄၁၀၁၅၆၊ငွေတိုက်ဦးစီးဌာန ၀၆၇၃၄၁၀၁၅၈ တို့ကိုဆက်သွယ်လှူဒါန်းနိုင်မည်ဖြစ်သည်။

အစိုးရက ဘဏ်စာရင်းဖွင့်လှစ်ပြီးသည်နှင့်တစ်ပြိုင်နက် ဧဒင်အုပ်စု၊မြန်မာ့အရှေ့ဘဏ်၊Denko၊ Gold Delta ဥက္ကဌ ဦးချစ်ခိုင်က မွေးနေ့အလှူအဖြစ် ကိုဗစ်ကာကွယ်ဆေးဝယ်ယူရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းကိုထည့်ဝင်လှူဒါန်းခဲ့သည်။

S-09