News

POST TYPE

COVID 19

စစ်တွေတွင် အလည်အပတ်နှင့်ဘုရားဖူးသွားလာခြင်းများကြောင့် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု အန္တရာယ်ရှိကြောင်းသတိပေး
17-Dec-2020


ရန်ကုန်၊စက်တင်ဘာ ၁၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် အတွင်းရှိ ပြည်သူအချို့သည် အရေးကြီးအကြောင်းတစ်စုံတစ်ရာမရှိဘဲ အလည်  အပတ်နှင့် ဘုရားဖူးထွက်ခွာသူများရှိ သည့်အတွက် လူစုလူဝေးဖြစ်ပေါ်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှု အများအပြား ဖြစ်ပေါ်နိုင်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက သတိပေးထား သည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးထိန်း ချုပ်ရန်အတွက် နေအိမ်တွင် နေထိုင်ရေး နှင့် မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာရန် ဈေးဝယ်မည်ဆိုပါက သတ်မှတ်ချက်များ အတိုင်းသာ ထွက်ခွာရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ပြန် ထားပြီးဖြစ်သည်။

သို့ရာတွင် စစ်တွေမြို့နယ်အတွင်းရှိ ပြည်သူများအနေနှင့် ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျော်တော်မြို့ အစရှိသည့် ဒေသများသို့ အရေးကြီးအကြောင်း တစ်စုံတစ်ရာမရှိဘဲ အလည်အပတ်နှင့် ဘုရားဖူးများထွက်ခွာကြသည့်အတွက် ရောက်ရှိရာမြို့နယ်များတွင် လူစုလူဝေး ဖြစ်ပေါ်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု အများအပြား ဖြစ်ပေါ်နိုင်ကြောင်း ၎င်းဦးစီးဌာနက အသိပေး ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယင်းအတွက်ကြောင့် ရပ်ကွက်/ ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ အနေနှင့် မဖြစ်မနေသွားရမည့် စီးပွားရေး ကိစ္စ၊ နာရေး၊ ကျန်းမာရေးကိစ္စများ အတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး မှူးများ၏ ထောက်ခံချက်၊ မြို့နယ်အုပ်ချုပ် ရေးမှူး၏ထောက်ခံများနှင့်သာ ခရီးသွား လာရန် ထပ်မံအသိပေးဖော်ပြထားသည်။

အဆိုပါကိစ္စရပ်များနှင့်မဟုတ်ဘဲ ခရီးသွားလာခြင်း၊ ထောက်ခံချက်မပါဘဲ သွားလာခြင်းများရှိပါက ကျောက်တန်း ဂိတ်နှင့် ရေယာဉ်ဂိတ်များရှိ စစ်ဆေးရေး အဖွဲ့များမှစစ်ဆေး၍ ပြန်လည်စေလွှတ်သွားမည်ဖြစ်ကြောင်းလည်း အသိပေး နှိုးဆော်ထားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် အေအေတို့အကြား ငြိမ်းချမ်းရေးဆွေး နွေးမှုများကြောင့် တိုက်ပွဲများ မဖြစ်ပေါ်တော့သည့်အတွက် ရခိုင်ပြည်နယ်အတွင်း ရှိ အထင်ကရနေရာများကို ပြည်သူများ သည် ယခုရက်ပိုင်းအတွင်းသွားလာမှု များရှိလာခဲ့ခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ဒုတိယလှိုင်းသည် ရခိုင်ပြည်နယ် စစ်တွေမြို့မှစတင်လာခဲ့ ခြင်းဖြစ်ပြီး ယနေ့အထိ ဆေးရုံးဆင်းခွင့် ရသူ ၁၃၅၀ ဦး ရှိပြီး ကုသဆဲ ၁၉ ဦး ကျန် ရှိကာ လက်ရှိစစ်တွေဆေးရုံတွင် အောက်ဆီဂျင် ပေးထားရသူ ၇ ဦး၊ စစ်တွေ ဆေးရုံတွင် Covid-19 ကြောင့် သေဆုံး ခဲ့သူ ၁၇ ဦး ရှိခဲ့သည်။

S-09