News

POST TYPE

COVID 19

ကိုဗစ်စည်မျဉ်းများမလိုက်နာပါက စည်းကမ်းအချို့ ပြန်လည်ချမှတ်မည်ဟု ကျန်းမာရေးဝန်ကြီးပြော
17-Dec-2020


ရန်ကုန်၊ စက်တင်ဘာ ၁၆

ကိုဗစ်-၁၉ နှင့် ပတ်သက်ပြီး ချမှတ် ထားသော စည်းမျည်းစည်းကမ်းများကို လိုက်နာမှုအားနည်းကာ ရောဂါ ဖြစ်ပွားမှု နှုန်းများလာပါက လိုအပ်မည့် စည်းကမ်း အချို့ကို ထပ်မံချမှတ်မည်ဟု ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြား သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Covid-19 ကုသရေးဌာန ၁၄ ခု၏ စီမံခန့်ခွဲ အုပ်ချုပ်မှု တာဝန်ခံဆရာဝန်ကြီး များနှင့် Video သည် Erencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ၏ လမ်းညွှန်မှုများဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ဗဟိုကော်မတီမှ ပြည်သူများ လူမှုစီးပွားရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် ဖြေလျှော့မှုများကို တစ်ဆင့်ပြီး တစ်ဆင့်ပြုလုပ်ပေးလျက် ရှိသည်။

ထိုကဲ့သို့ ဖြေလျှော့မှုများ ပြုလုပ် ပေးပြီးပါကလည်း ပြည်သူများအနေဖြင့် လူမှုစီးပွားရေးကိစ္စရပ်များ ဆောင်ရွက် ရာတွင်လည်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ခြင်းအပါအဝင် Covid-19 ကာကွယ်ရေး စည်းကမ်းများကို ဆက်လက် လိုက်နာကြရ မည်ဖြစ်သည်။

ယင်းစည်းကမ်းများကို လိုက်နာမှုအားနည်းကာ ရောဂါဖြစ်ပွားမှုနှုန်းများ လာပါက လိုအပ်မည့် စည်းကမ်းအချို့ကို ပြန်လည်၍ ထပ်မံချမှတ်မည်ဟု ပြည်ထောင်စု ဝန်ကြီးက အသိပေးခဲ့ခြင်း ဖြစ်သည်။

နိုင်ငံ၏လူဦးရေနှင့် နှိုင်းယှဉ်ပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တွင်ရှိသည့် နည်းပါးသော ပြည်သူ့ကျန်းမာ ရေးနှင့် ကုသရေးဆိုင်ရာ ဆရာဝန်များ၊ သူနာပြုများနှင့် အထောက်အကူပြု ပညာရှင်များသည် ဝန်နှင့် အား မမျှစွာ နေ့မအား၊ ညမနားဆောင်ရွက်နေရသည့် အချက်၊ Covid-19 ကူးစက်မှုများ ဆက်လက်များပြားနေပါက မနိုင်မနင်း ဖြစ်လာမည့် အချက်နှင့် ထိုသို့ဆောင်ရွက် နေရသည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ငဲ့ညှာသော အားဖြင့် ဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် Covid-19 ကာကွယ်ရေး စည်းကမ်း များကို အလေးထားလိုက်နာပေးကြရန် တိုက်တွန်းပြောကြားခဲ့သေးသည်။

မြန်မာနိုင်ငံတွင် လူဦးရေတစ်သန်းလျှင် Covid-19 ဖြစ်ပွားမှုသည် ၁,၉၇၁ ဦး ရှိပြီး ကမ္ဘာ့နိုင်ငံ၊ နယ်မြေစုစုပေါင်း၂၃၀ အနက် ၁၄၁ နိုင်ငံမြောက်ဖြစ်ပြီး Covid-19 ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်းမှာ ၁၀၇,၂၁၅ ဦး ရှိသည့် အတွက် ကမ္ဘာ့နိုင်ငံ၊ နယ်မြေ စုစုပေါင်း ၂၃၀ အနက် ၆၈ နိုင်ငံ မြောက် ဖြစ်သည်။

S-09