POST TYPE
COVID 19
ကမ္ဘာအေး တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်မှ သံဃာနှင့်လူပုဂ္ဂိုလ် ၁၇၀ကျော် ကိုဗစ်ကူးစက်ခံထားရ
15-Dec-2020

ရန်ကုန်၊ ဒီဇင်ဘာ ၁၅
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးတိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်ရှိ သံဃာနဲ့ လူပုဂ္ဂိုလ် ၁၇၂ဦး ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတယ်လို့ သိရပါတယ်။
"သူတို့အကုန်လုံးကို သံဃာနဲ့ပတ်သက်တဲ့ ကွာရန်တင်းစင်တာမှာပို့ထားတယ်။ ကူးစက်တာက ဟိုနေ့ကတည်းကပေါ့။ ပထမတွေ့တာက ၇၀ ကျော်၊ နောက်နေ့ကထပ်တွေ့တာ ၉၆ လားမသိဘူး ထပ်တွေ့တာပေါ့နော်"လို့ မရမ်းကုန်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ဦးရန်ရှင်းကပြောပါတယ်။
လက်ရှိမှာတော့ ပိုးတွေ့ထားသူအားလုံးကို ကျန်းမာရေးစောင့်ရှောက်ပေးနေပြီး ကျောင်းတိုက်ကိုတော့ လော့ခ်ဒေါင်းပြုလုပ်ကာ ရောဂါပိုးကို ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မရန်းကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာမျိုးမျိုးအေးကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာ"အဲ့ဒါက တပ်မတော်ကုတင်တစ်ထောင်က စစ်ပေးတာပါ၊ ကျွန်မတို့ဘက်က စစ်တာမဟုတ်လို့ အတည်ပြုလို့မရပါဘူး"လို့ ပြောပါတယ်။
ဒါကြောင့် ကမ္ဘာအေး တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်မှာ ကိုဗစ်ပိုးစတင်းကူးစက်ခံရမှုဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ်အခြေအနေကိုတော့ မသိရှိရသေးဘဲ ဒီဇင်ဘာ ၉ရက်နေ့က သံဃာ ၅၇ ပါးမှာ ကိုဗစ်ရောဂါပိုး စတင်တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ရန်ကုန်တိုင်းက ကိုဗစ်ကူးစက်မှုအမြင့်ဆုံးတိုင်းဒေသကြီးဖြစ်ပြီး ကိုဗစ်ကြောင့်သေဆုံးမှု ကလည်း အများဆုံးရှိနေတာဖြစ်ပါတယ်။
သိင်္ဂီထွန်း(VOM)
Photo- အရှင်နန္ဒဘာသ
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021