News

POST TYPE

COVID 19

ဧရာ၀တီတိုင်း စည်ပင်၀န်ကြီး ကိုဗစ်ကူးစက်ခံရ
10-Dec-2020


ပုသိမ်၊ ဒီဇင်ဘာ ၁၀

ဧရာ၀တီတိုင်းအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး၀န်ကြီး ဦးကျော်မြင့်မှာ ကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ဧရာ၀တီတိုင်းအစိုးရအဖွဲ့ကနေသိရပါတယ်။
"ရွေးကောက်ပွဲကိစ္စနဲ့လပွတ္တာမြို့ကိုသွားရင်းနဲ့ ရုံးက တဆင့်ကူးစက်တာ။ ကျန်းမာရေးကောင်းမွန်တယ်"လို့  တိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦး၀င်းဌေးက ပြောပါတယ်။

စည်ပင်၀န်ကြီးဟာ လပွတ္တာမြို့မှာ ရောဂါရှိသူတွေနဲ့ထိတွေ့မိတဲ့အတွက် လမင်းကြည်တည်းခိုခန်းမှာ အသွားအလာကန့်သတ်ထားပြီး ပထမအကြိမ်စစ်ဆေးရာမှာ ရောဂါပိုးမတွေ့ခဲ့ဘဲ ဒုတိယအကြိမ်အဖြစ် ရန်ကုန်အမျိုးသားဓါတ်ခွဲခန်းကို ပေးပို့စစ်ဆေးရာမှာတော့ ကိုဗစ်ရောဂါတွေ့ခဲ့ရတာဖြစ်ပါတယ်။

စည်ပင်၀န်ကြီးဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ လပွတ္တာမြို့နယ်ပြည့်သူလွှတ်တော်နေရာမှာ အနိုင်ရရှိခဲ့တာ ကြောင့် ရွေးကောက်ပွဲကုန်ကျစရိတ်အတွက် အစည်းအဝေးမှာမြို့နယ် NLD ရုံးက အဖွဲ့၀င်တစ်ဦးဆီကနေ ကူးစက်ခဲ့တာပါ။

လပွတ္တာမြို့နယ် NLD ရုံးက အနိုင်ရလွှတ်တော်ကိုယ်စားလှယ်လေးဦးအပါအ၀င် ရုံးအဖွဲ့ ၁၇ ဦးစလုံး ကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။
"ရုံးက ကွန်ပြူတာ ကိုင်တဲ့ကောင်လေးကတစ်ဆင့်ကူးတာ။ သူက အစည်းအဝေးမှာ ရုံးရှေ့ကဒိန်ချဥ် ၀ယ်သောက်တာ။ အဲ့ဒီအသည်ဆီကတစ်ဆင့်ကူးပြီး ကျန်တဲ့သူတွေပါကူးကုန်တာ"လို့ လပွတ္တာမြို့ အဖြူရောင်ဧရာ၀တီ ပရဟိတအဖွဲ့က ဦးစိုးသီဟမင်းကပြောပါတယ်။

လက်ရှိမှာ စည်ပင်၀န်ကြီးဦးကျော်မြင့်ကို လပွတ္တာမြို့ကနေ ပုသိမ်ဆေးရုံကို လွှဲပြောင်းကုသဖို့ ပြင်ဆင်နေတယ်လို့ တိုင်းအစိုးရအဖွဲ့ကနေသိရပါတယ်။

အောင်အောင်(VOM)