POST TYPE
COVID 19
ရန်ကုန်မြို့တော်ဝန် ကိုဗစ်ကူးစက်ခံရ
08-Dec-2020
ရန်ကုန်၊ ဒီဇင်ဘာ ၈
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ကိုဗစ်- ၁၉ ရောဂါကူးစက်ခံထားရပြီး တောင်ဥက္ကလာပမြို့နယ်ရှိ ကိုဗစ်ထိန်းချုပ်ကုသရေး ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေကြောင်း ဒေါက်တာကျော်စွာဦးထံမှ သိရသည်။
မြို့တော်ဝန်သည် စျေးများတွင်ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးပညာပေးလုပ်ငန်းများတွင် ကွင်းဆင်းကြပ်မတ်ခြင်း၊ ဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်စဉ် နေထိုင်မကောင်းသဖြင့် ကျန်းမာရေးစစ်ဆေးမှုခံယူစဉ်ပိုးတွေ့ရှိခြင်းဖြစ်သည်။
“မြို့တော်ဝန်က ဒီနေ့စစ်ဆေးပြီး (ကိုဗစ်-၁၉ ပိုး) တွေ့တာပါ” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ၎င်းနှင့်ထိတွေ့သူများကို စစ်ဆေးခြင်း၊ Quarantine ထားရှိရန် စီစဉ်နေကြောင်း ဒေါက်တာကျော်စွာဦးထံမှသိရှိရသည်။
J-03
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021