News

POST TYPE

COVID 19

ပလိပ်တွင် ပိုးတွေ့လူနာနှင့်ထိ​တွေ့သူများနှင့်အုပ်ချုပ်​ရေးမှူးထံမှ ဓာတ်ခွဲနမူနာရယူ စစ်ဆေး
11-Oct-2020


မန္တလေး အောက်တိုဘာ ၁၁

ပလိပ်မြို့မှ အမျိုးသမီးတစ်ဦး ကိုဗစ်-၁၉ပိုးတွေ့ပြီးနောက် ၎င်းနှင့်ထိတွေ့သူနှစ်ဦးနှင့်အုပ်ချုပ်ရေးမှူးထံမှ ဓာတ်ခွဲနမူနာများရယူကယနေ့(အောက်တိုဘာ ၁၁)စစ်ဆေးထား​သည်ဟု ကာယကံရှင်များက ပြောဆိုသည်။

ပိုးတွေ့လူနာအမျိုးသမီးသည် တံတားဦးမြို့ရှိ BOC စက်သုံးဆီဆိုင်မှ ငွေကိုင်ဝန်ထမ်းတစ်ဦးဖြစ်ကာ အနံ့မရသဖြင့် အောက်တိုဘာ ၈ ရက်နေ့က ပလိပ်အထကရှိ Quarantine စင်တာ၌ စောင့်ကြည့်ခဲ့​ပြီးနောက် အောက်တိုဘာ ၉ ရက်နေ့တွင် ဓာတ်ခွဲနမူနာယူ စစ်ဆေးခဲ့ရာ ကိုဗစ်- ၁၉ ပိုးတွေ့ရှိခဲ့သည့်အတွက် စဥ့်ကိုင်ဆေးရုံ၌ ကုသမှုခံယူနေကြောင်း မိသားစုဝင်များထံမှ သိရသည်။ S-02

ဓာတ်ပုံ-မောင်ရဲနွေ