News

POST TYPE

COVID 19

COVID-19 အတည်ပြုလူနာ ၉၀၀ကျော်အနက် အနံ့မရရှိသူ ၃၀၀ အထိရှိ
06-Oct-2020


ရန်ကုန်၊အောက်တိုဘာ ၆

COVID-19 အတည်ပြုလူနာ ၉၈၇ ဦးထဲတွင် အနံ့မရရှိသူ ၃၀၀ အထိပါ၀င်ကြောင်း ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနက ထုတ်ပြန်သည်။

အောက်တိုဘာ ၅ ည ၈ နာရီအချိန်က COVID-19 ဓါတ်ခွဲအတည်ပြုလူနာသစ် ၉၈၇ ဦးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနကထုတ်ပြန်ခဲ့ရာ ၎င်းအတည်ပြုလူနာများအနက် ၃၀၀ ဦးမှာ အနံ့မရရှိသည့်လူနာများဖြစ်ကြောင်း အောက်တိုဘာ ၆ ညနေ ၆ နာရီအချိန်တွင် ထပ်မံထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၅ ည ၈ နာရီအချိန်ကထုတ်ပြန်ခဲ့သည့် COVID-19 ဓါတ်ခွဲအတည်ပြုလူနာသစ် ၉၈၇ ဦးအနက် ၈၉၆ ဦးမှာ ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးမှ ၃၁ ဦး၊ဧရာ၀တီတိုင်းဒေသကြီးမှ ၂၀ ဦး၊ပဲခူးတိုင်းဒေသကြီးမှ ၁၆ ဦး၊ရခိုင်ပြည်နယ်မှ ၁၂ ဦး၊စစ်ကိုင်းတိုင်းဒေသကြီးမှ ၃ ဦး၊မကွေးတိုင်းဒေသကြီးမှ ၃ ဦး၊နေပြည်တော်မှ ၂ ဦး၊မွန်ပြည်နယ်၊ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ချင်းပြည်နယ်၊တနင်္သသာရီတိုင်းဒေသကြီးတို့မှ ၁ ဦးစီတို့ဖြစ်သည်။

ယင်းအတွက်ကြောင့် မြန်မာနိုင်ငံတွင် COVID-19 ဓါတ်ခွဲအတည်ပြုလူနာ ၁၈၇၈၁ ဦးရှိ်လာခဲ့ပြီး သေဆုံးသူအရေအတွက်မှာ အောက်တိုဘာ ၅ ည ၈ နာရီအချိန်ထုတ်ပြန်ချက်တွင် ၃၂ ဦးထပ်မံသေဆုံးခဲ့သည့်အတွက် ယနေ့အထိသေဆုံးသူအရေအတွက်မှာ ၄၄၄ ဦးအထိရှိလာပြီဖြစ်သည်။

သို့ရာတွင် စက်တင်ဘာ ၅ ည ၈ နာရီအချိန်အထိ ရောဂါပိုးကူးစက်ခံရသူများအနက် ဆေးရုံဆင်းခွင့်ရသူအရေအတွက်မှာ ၃၅၃ ဦးရှိလာခဲ့သည့်အတွက် စုစုပေါင်းဆေးရုံမှဆင်းခွင့်ရသည့်အရေအတွက်မှာ ၅၅၄၈ ဦးအထိရှိလာကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
S-09