News

POST TYPE

COVID 19

မကွေးတိုင်းတိုင်း အဝင်အထွက် ၁၉ နေရာတွင် ကုန်တင်ယာဉ်များမောင်းများကို Test Kits ဖြင့် ကိုဗစ် -၁၉ ပိုးရှိမရှိ စတင်စစ်ဆေး
06-Oct-2020


ချောက်၊ အောက်တိုဘာ ၆ 

မကွေးတိုင်း အဝင်အထွက်ဂိတ် ၁၉ခုတွင် ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ ကိုဗစ်-၁၉ပိုးရှိမရှိ Test Kits များဖြင့် စတင်စစ်ဆေးနေပြီဟု မကွေးတိုင်းကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောကြားသည်။

မကွေးတိုင်းတစ်တိုင်းလုံးအတွက် Test Kits လေးထောင်လောက်ပေးထားတယ်။ မြို့နယ်အလိုက်လည်းစစ်တယ်။ မြို့နယ်အလိုက်ကတော့ လူဦးရေပေါ်မူတည်ပြီး အနည်းဆုံး Test Kits တစ်ရာလောက်ရတယ်။အချို့မြို့နယ်တွေက နှစ်ရာ၊သုံးရာပေါ့"ဟု ၎င်းကပြောဆိုသည်။

အောက်တိုဘာလ ၅ ရက်နေ့မှစတင်ကာ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို စတင်စစ်ဆေးနေခြင်းဖြစ်ရာ ယင်းနေ့က ငဖဲမြို့ ပျဉ်ဝစစ်‌ဆေးရေးဂိတ်တွင် စစ်ဆေးမှုအရ ပိုးတွေ့သူနှစ်ဦးနှင့် မင်းဘူးမြို့နယ်တွင် သုံးဦး စုစုပေါင်းငါးဦး ပိုးတွေ့သည်မှာ အမှန်ဖြစ်သည်ဟု ဒေါက်တာခင်မောင်သန်းက ထပ်မံပြောဆိုသည်။

ထို့ကြောင့် အောက်တိုဘာ ၆ ရက် (ယနေ့တွင်) ချောက်မြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက မြို့ပေါ်ရှိ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်များကို အေးစေတီရပ်ကွက်ရှိ မဟာစည်ရိပ်သာ Quarantine စခန်းနှင့်မြို့နယ်အတွင်း ဖြတ်သန်းသွားလာသည့် ကုန်တင်ယာဉ်များကို ဂွေးချိုကျေးရွာရဲစခန်းအနီး ဘုရားကွင်းပြင်နေရာတို့တွင် စစ်ဆေးပေးလျက်ရှိပြီး စစ်ဆေးခ ကျပ်သုံးသောင်း ကောက်ယူကြောင်း ယင်းဌာနထံမှသိရသည်။
R .11


ဓာတ်ပုံ-နေနိုင် 
ပုံစာ-ချောက်မြို့ အေးစေတီရပ်ကွက် မဟာစည်ရိပ်သာ Q စင်တာတွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို စစ်ဆေးနေစဉ်။