News

POST TYPE

COVID 19

စစ်ကိုင်းတွင် ကုန်တင်ယာဥ်မောင်းတစ်ဦး ကိုဗစ်-၁၉ ပိုးတွေ့
05-Oct-2020
မန္တလေး၊ အောက်တိုဘာ ၅

စစ်ကိုင်းမြို့တွင် ကုန်တင်ယာဉ်မောင်းနှင့်ယာဥ်နောက်လိုက်များကို ကိုဗစ်-၁၉ ပိုး ရှိ၊မရှိ စစ်ဆေးလျက်ရှိရာ ကုန်တုင်ယာဥ်မောင်းတစ်ဦး ကူးစက်ခံထားရသည်ကိုတွေ့ရကြောင်း စစ်ကိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

ယင်းပိုးတွေ့သူအမျိုးသားမှာ ကောလင်းမြို့တွင်နေထိုင်သည့် ကောလင်း-မန္တလေးကုန်တင်ယာဉ်မောင်းဖြစ်ပြီး ၎င်းကို စစ်ကိုင်းမြို့ရှိ ခုတင် ၂၀၀ ဆံ့ဆေးရုံသို့ပို့ဆောင်ထားကြောင်းစစ်ကိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

စစ်ကိုင်းဆေးရုံတွင် ဆေးကုသမှုခံယူနေသော ပိုးတွေလူနာကိုးဦးအနက် ချောင်းပေါက်နှင့် အုန်းတောမှ လူနာတို့မှာ ရောဂါပျောက်ကင်းသွားပြီဖြစ်၍ ဆေးရုံဆင်းခွင့်ရထားပြီး Home Quarantine အဖြစ် ၎င်းတို့၏အိမ်တွင် တစ်ပတ် ဆက်လက်ထားရှိမည်ဖြစ်ကြောင်း စစ်ကိုင်းမြို့ရှိ ခုတင်၂၀၀ ဆေးရုံက အောက်တိုဘာ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

S-02