News

POST TYPE

COVID 19

အင်းစိန်တွင် Quarantine Center ၅ ခုအထိ ရှိလာ
04-Oct-2020


ရန်ကုန်၊အောက်တိုဘာ ၄

အင်းစိန်မြို့နယ်တွင် COVID-19 ရောဂါပိုးကူးစက်ခံရသည့်အရေအတွက်များပြားလာပြီး Positive လူနာများ၏ contact person များ၊ အနံ့ပျောက်သူများကို Quarantine Center များဖွင့်လှစ်ထားရှိ စောင့်ရှောက်မှုပေးလျက်ရှိရာ ယခုအခါ အထက ၃ ကိုလည်း Quarantine Center အဖြစ်ထပ်မံတိုးချဲ့ဖွင့်လှစ်မည်ဖြစ်ကြောင်း အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဝေဖြိုးဟန်က ပြောကြားသည်။

ယင်းကြောင့် အင်းစိန်မြို့နယ်တွင် Quarantine Center အဖြစ်ဖွင့်လှစ်ရသည့်အရေအတွက်မှာ ၅ ခုအထိရှိလာပြီဖြစ်ကာ ပထမဆုံးစတင်ဖွင့်လှစ်သည့် အင်းစိန် GTI ကျောင်းဝင်းအတွင်းcontact person များထားရှိရန်Quarantine Center ၃ ခုစတင်ဖွင့်လှစ်ခဲ့သည်။

ယင်းနောက်တွင် အင်းစိန် အထက ၁ ကျောင်းတွင် အနံ့ပျောက်များအတွက်Quarantine Center ၁ ခု၊ ယခုနောက်ဆုံး မြို့နယ်တွင်းမှcontact person များထားရန် အင်းစိန် အထက ၃ ကျောင်းအားQuarantine Center အမှတ် ၅ အဖြစ် စတင်အသုံးပြုတော့မည်ဖြစ်သည်။



၂၀၂၀ မတ်လမှ ယနေ့အထိ အင်းစိန်မြို့နယ်အတွင်းရှိQuarantine Center ၅ခုတွင် လက်ခံထားခဲ့သည့် လူဦးရေ ၁၀၀၀ အထိရှိပြီး CBF Quarantine Center ၃ ခုမှ ပိုးတွေ့သူ ၁၂၃ ဦးကိုသက်ဆိုင်ရာ ကုသရေးစင်တာများသို့ပို့ဆောင်ပြီးဖြစ်သည်။

CBF Quarantine Center ၅ ခုမှ သတ်မှတ်ရက်ပြည့်၍ ပိုးကူးစက်မှုမရှိဘဲ နေအိမ်ပြန်လည်ရောက်ရှိသူ ၄၆၄ ဦး၊လက်ရှိ CBF Quarantine Center ၅ ခုတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူ ၄၁၃ ဦး ရှိကြောင်း ဦးဝေဖြိုးဟန်က ယင်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ပြေကြားထားသည်။

အင်းစိန်မြို့နယ်တွင် COVID-19 ရောဂါပိုးကူးစက်ခံရသည့်အရေအတွက်မှာ ၈၃၃ ဦးအထိရှိလာပြီးသေဆုံးသူမှာလည်း ၇ ဦးအထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရသိရသည်။

S-09

ဓါတ်ပုံ- Wai Phyo Han Facebook