News

POST TYPE

COVID 19

သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ
03-Oct-2020


ရန်ကုန်၊ အောက်တိုဘာ ၃

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဟံသာဝတီဦးအုန်းကြိုင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားကြောင်း သတင်းမီဒီယာကောင်စီဝင်တစ်ဦးက အတည်ပြုပြောကြားသည်။

လက်ရှိတွင် ၎င်းနေထိုင်သည့် ရွှေပြည်သာမြို့နယ် နေအိမ်ကို အသွားအလာကန့်သတ်လိုက်ပြီး ဟံသာဝတီဦးအုန်းကြိုင်ကိုလည်း တပ်မတော်အသည်းရောဂါကု အထူးကုဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်းသိရသည်။
“လက်ရှိ ကျန်းမာရေးအခြေအနေကောင်းမွန်တယ်လို့ သိရတယ်။ သူအပါအဝင် သူ့သမီးလည်း ပေါ့စတစ်တွေ့တယ်လို့ကြားရတယ်။” ဟု ကောင်စီဝင်တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်ဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်သည် လက်ရှိတွင် အသက် ၉၀ ကျော်ပြီဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပိုးကြောင့် စိုးရိမ်ရသည့် အသက်အရွယ်တွင်ရောက်ရှိနေသည်။

S-04